မြို့ပြင်သင်္ချိုင်းက လူအရောက်အပေါက်နည်းသော နေရာ။ မြောင့်ဟယ်တောင်နှင့် ဝေးပြီး သွားဖို့လာဖို့လည်း အချိန်အတော်ယူရသည်။ ပြီးတော့ သူ့ဆွေမျိုးတွေ၏ အုတ်ဂူလည်း ရှိသောကြောင့် ရိပေါ်အနေနှင့် အထူးဂရုပြုမှာပင်။
ဒါက စမ်းသပ်ဖို့ အကောင်းဆုံးပဲ။ ရိပေါ် သူ့ကို "ကြိုး"နဲ့ ချည်ထားလား။ "ကြိုး" အပို ရှိသေးလားနဲ့ အဲ့ဒီ "ကြိုး"က ကျောက်စိမ်း လက်စွပ် ဟုတ်မဟုတ်။
ရိပေါ် ညနေပြန်လာတော့ ရှောင်းကျန့် သေချာ အကဲခတ်နေသည်။ ရိပေါ်သာ သူ သင်္ချိုင်းကို တိတ်တိတ်လေး သွားမှန်းသိရင် ဒဲ့မမေးရင်တောင် သွယ်ဝိုက်ပြီးတော့ဖြစ်ဖြစ် မေးမှာပင်။ သို့သော် ခုတော့ တုတ်တုတ်မျှ မလှုပ်။ ခါတိုင်းလို ပုံမှန်ပဲ။
နောက်ဆုံး ရှောင်းကျန့် မအောင့်နိုင်တော့။
"ရိပေါ်။ ကျန့်ကျန့် ဒီနေ့ ဘာလုပ်ခဲ့လဲ သိလား"
"အင်း.. မှန်းကြည့်မယ်။ ရှန်းဝမ့်နဲ့ လျှောက်ဆော့နေတာ?"
"မှားတယ်"
"တောထဲမှာ ငှက်ဥ လိုက်နှိုက်တာလား?"
"မှားတယ်"
"စာကြည့်တိုက်မှာ မုယွီကို သွားရှုပ်တာ?"
"မဟုတ်ဘူးဆို! ကျန့်ကျန့် ဒီနေ့ တောင်အောက်ဆင်းဆော့ပြီး ညနေစာ မစားခင်လေးကမှ ပြန်တက်လာတာ"
"ဪ.. တောင်အောက်ဆင်းသွားတာလား? ကောင်းလိုက်တာ။ ဘာတွေလုပ်ခဲ့လဲ"
ရိပေါ်က ဖျတ်ကနဲ ပေါ်လာသော အံ့အားသင့်မှုကို အမြန်ဖုံးကွယ်လိုက်သော်လည်း ရှောင်းကျန့် မြင်လိုက်သည်။ သူ့ရင်ထဲ လေးကနဲ။ သေချာတယ် ကျောက်စိမ်းလက်စွပ်ပဲ။
"ကျွမ်းဘားကစားတာလဲ ကြည့်ခဲ့တယ်။ ဓားရေးပြတာလည်း ကြည့်ခဲ့တယ်။ မီးမျိုချပြီး ပြန်ထွေးထုတ်တာလဲ ကြည့်ခဲ့တယ်။ မျောက်ကလေးတွေနဲ့ ကစားတာလည်း ကြည့်ခဲ့တယ်။ လူအရမ်းစည်တာပဲ!"
"ပျော်ဖို့ကောင်းမှာပဲ။ နောက်တခေါက် ကိုယ်လဲလိုက်မယ်"
ရိပေါ်က တကယ်ပိရိတာပဲ။ သူ့ကို ဘယ်တုန်းကမှ မစောင့်ကြည့်ခဲ့သလို။ သူ တောင်အောက်သွားတာကို လုံးဝမမျှော်လင့်ထားမိတာကို ဖုံးကွယ်ပြီး သူ့ကို ဘယ်တုန်းကမှ မလိမ်ခဲ့သလို။
YOU ARE READING
မြေခွေးမိစ္ဆာလေးရဲ့ ပုံပြင်
Fanfictionနေသာတဲ့ တနေ့မှာ ကျင့်ကြံသူ ဝမ်ရိပေါ်ဟာ မြေခွေးလေးတကောင် ကောက်ရသတဲ့..