သူတို့ ရပ်လိုက်ကြသည့်အချိန်မှာ ညဉ့်နက်နေပြီ။ ရှောင်းကျန့်က အိပ်ရာပေါ်မှာ နဖူးပေါ် လက်တင်လို့ တုံးလုံးလေး။ ဆံပင်ရှည်နက်နက်တွေက ပခုံးပေါ်မှ နှစ်နေရာခွဲ၍ ဖြာကျနေသည်။ တချို့တဝက်က ရင်ဘတ်ပေါ်မှာ။ အချစ်အမှတ်အသားတွေကို ဖုံးပေးထားသည်။ တဝက်က ကျောပြင်မှာ ဖြာကျလျက်။ ခြေထောက်သွယ်သွယ်တို့ကို သက်တောင့်သက်သာ ထောင်ထားသည်။ မြေခွေးအမြီးလေးက တလှုပ်လှုပ်။ သူ့တင်ပါးတွေက မမှတ်မိနိုင်လောက်အောင် နီရဲပြီး ယောင်ကိုင်းနေသည်။ မက်မွန်သီးလေးလိုပဲ။ ထိရင်နာလို့ သူ့မှာ ပက်လက်တောင်မအိပ်နိုင်ပဲ ဘေးတစောင်းအိပ်ရသည်။ တင်ပါးနှစ်လုံးကြားမှ အမြောင်းလေးကနေ အဖြူရည်တွေ စီးကျလာသည်။ တင်ပါးပေါ်မှတဆင့် အိပ်ရာပေါ်ဆီ။ သူ့လက်လေးတဖက်က ရိပေါ်လက်ဖဝါးကြီးကို ဆုပ်ကိုင်ပြီး ဆော့နေသည်။ ရိပေါ်လက်ကြီးက သူ့လက်ကို အုပ်ကိုင်၍ ရသည်။ သို့ရာတွင် ယခုတော့ တုတ်တုတ်မျှမလှုပ်ပဲ ငြိမ်ငြိမ်လေးနှင့် သူ့ကိုကစားစေသည်။ သူ့လက်ကို ဆိတ်ဆွဲလိုက် လက်ချောင်းတွေ ကွေးလိုက်နဲ့ ဆော့နေတာ။ ရိပေါ်က ဘာမှမပြော။
ရိပေါ်စိတ်ထဲမှာ ရှောင်းကျန့် တခြားလူတွေနဲ့ နေခဲ့သည်ဟုပဲ ထင်နေသည်။ ယောကျာ်းတွေနဲ့ မဟုတ်ရင်တောင် မိန်းမတွေနဲ့ပေါ့။ သူ့မြေခွေးလေးကအရမ်းလှတော့ ဘယ်သွားသွား ချစ်သူခင်သူတွေ ဝိုင်းအုံနေမှာပဲ။ ပြီးတော့ သူက နှလုံးသားကလည်း နူးညံ့သေးတာ။ အဲ့ဟာမတွေက အပေါ်ယံ အလှအပကိုပဲ မက်မောတာမှန်း သိရှာမှာမဟုတ်ဘူး။
သူ့ကျန့်ကျန့်လေး နစ်နာရရှာပြီ! အဲ့လို သာမာန်မိန်းမတွေနဲ့ မတန်တဲ့ဟာကို။ ကျန့်ကျန့် သဘောကျမယ်ဆိုရင် သူမိန်းမတွေလို အားနည်းပျော့ညံ့ယောင် ဆောင်ပေးနိုင်ပါတယ်။ သူက ရုပ်ချောတော့ မိန်းမယောင်ဆောင်လို့ အဆင်ပြေလောက်မှာပါ။ မပြေလည်း ကလေးဆိုးကြီးလို ငိုမယ်၊ ချွဲမယ်၊ ကိုကိုလို့ ခေါ်မယ်ကွာ။ ဘာလို့ မလုပ်နိုင်ရမှာလဲ။
YOU ARE READING
မြေခွေးမိစ္ဆာလေးရဲ့ ပုံပြင်
Fanfictionနေသာတဲ့ တနေ့မှာ ကျင့်ကြံသူ ဝမ်ရိပေါ်ဟာ မြေခွေးလေးတကောင် ကောက်ရသတဲ့..