ရှောင်းကျန့်က နေရာအနှံ့မှ မြေခွေးမိစ္ဆာတို့ကို မြေခွေးအူသံနှင့် အချက်ပေးလိုက်သည်။ ဝူကော် သေသွားသည့်အကြောင်း။ မြေခွေးမိစ္ဆာတို့ စုရုံးကြပြီး သင်္ချိုင်းမှ မြေခွေးအလောင်းတို့ကို ဝိုင်းတူးဖော်ကာ ကောင်းမွန်စွာ ပြန်လည် သင်္ဂြိုဟ်ပေးကြသည်။
ရှောင်းကျန့်မှာ အလိုလိုနေရင်း ခေါင်းဆောင်ဖြစ်လာသည်။ အပြင်မှာ ထွက်ပြေးနေကြသော မြေခွေးမိစ္ဆာများလည်း သတင်းကြားတော့ ပြန်လာကြသည်။ တချို့က နေခဲ့ကြသည်။ တချို့ကတော့ ရှောင်းကျန့်ကို အရိုအသေပေးပြီး ပြန်ထွက်သွားသည်။ ကာလတခုအထိတော့ သူနေတဲ့ နေရာက စည်စည်ကားကား။
ရှောင်းကျန့်မှာ နေ့ရောညပါ သောက်ပြီး မူးနေလေ့ရှိသည်။ သူ့ကို လူတိုင်းက ချီးကျူးဂုဏ်ပြုကြသည်။ လက်မြှောက်လိုက်တာနှင့် အနားမှာ ပြုစုခစားမည့် အလှလေးက အဆင်သင့်။ ပါးစပ်ဟလိုက်တာနှင့် စပျစ်သီးတွေကို အခွံခွာပြီး ခွံ့ကျွေးမည့်သူက အဆင်သင့်။ သူထွေးထုတ်မည့် အစေ့တွေကို ခံပေးမည့်သူကလည်း အဆင်သင့်။ သူနေသည့်ဂူက ညဆိုလျှင်ပူသည်။ တညလုံး ယပ်ခတ်ပေးမည့်သူကလည်း အသင့်။ သူ ကြက်ဝတုတ်ကင်စားချက်သည်ဟု ပြောတော့ မိစ္ဆာလေးတွေက ပြေးထွက်သွားပြီး ကြက်ဝတုတ် တဒါဇင် ဖမ်းလာသည်။ ရှောင်းကျန့် သိတယ်။ ကြက်တွေ အဲ့လောက် ဝတုတ်နေတာ လယ်သမားတွေဆီက ကြက်မို့လို့။ ရုတ်တရက်ကြီး သူ ရိပေါ်ကို သတိရသွားပြီး ဒေါသ အလွန်အမင်းထွက်လာသည်။ သူ့လက်ထဲက အရက်ခွက်ကို ပေါက်ခွဲပစ်ပြီး သူ့လူတွေကို ဆူပူကြိမ်းမောင်းသည်။ သူများမွေးထားတဲ့ ကြက်တွေကို မဖမ်းပဲ တောထဲက ဖမ်းခဲ့ဖို့။ မိစ္ဆာလေးတွေက ဘာလို့လဲဆိုတာ နားမလည်ဟန်။ ရှောင်းကျန့်လည်း ရှင်းမပြချင်။
ရက်အနည်းငယ်ကြာတော့ သူနဲ့ ဆွေမျိုးစပ်လျှင် ခပ်ဝေးဝေးတော်မည့် တယောက်က မြေခွေးမ လှလှလေး တကောင် ပို့လိုက်သည်။ လက်ဆောင်အဖြစ်တဲ့။ ကျန်တဲ့သူတွေကလည်း အဲ့ဒါကို အတုယူပြီး အလှတကာ့ အလှဆုံးလေးတွေ ရွေးပို့ကြသည်။ ရှောင်းကျန့်မှာ ကိုယ်လုပ်တော် အများကြီးရှိတဲ့ ဘုရင်ကြီးလိုပဲ။
YOU ARE READING
မြေခွေးမိစ္ဆာလေးရဲ့ ပုံပြင်
Fanfictionနေသာတဲ့ တနေ့မှာ ကျင့်ကြံသူ ဝမ်ရိပေါ်ဟာ မြေခွေးလေးတကောင် ကောက်ရသတဲ့..