နောက်တနေ့ နေ့လည်။
စုကျစ်ဟွားတယောက် မနက်အိပ်ရာထကတည်းက ရှောင်းကျန့်ဆီမှ အကြည့်မလွှဲမိ။ နေ့လည်စာ စားပွဲမှာ အစေခံတယောက်က သူမနားကပ်ပြီး တီးတိုးပြောသည်။ စုကျစ်ဟွား ခေါင်းငြိမ့်လိုက်သည်။ သို့သော် သူမ မျက်နှာက ပြောင်းလဲမှု မရှိသောကြောင့် သတင်းကောင်းလား သတင်းဆိုးလား မသိရ။
"မနေ့က အဖြစ်အပျက်ကို နန်းတော်က သိသွားပြီ။ ကျွန်မတို့ စုအိမ်ကို ကံဆိုးမှုတွေ ပပျောက်အောင် သူတော်စင်တယောက်လွှတ်လာလိမ့်မယ်"
"အဲ့ဒီတော့ ငါတို့က ဘာလုပ်ရမှာလဲ"
"သူရောက်လာတဲ့ အချိန် ကျွန်မတို့ လုပ်ချင်ယောင် ဆောင်နေရုံပဲ။ သူက ဘုရင်ကြီးကို ပြန်တိုင်လိမ့်မယ်"
"ပြန်မတိုင်ရင်ကော"
"မြင်တာတောင် ပြန်မတိုင်လို့ နောက်မှ ဘုရင်ကြီး သိသွားရင် ပိုဆိုးမှာလေ။ စိတ်ချ ပြန်ကို ပြန်တိုင်လိမ့်မယ်"
"သူက ဘယ်အချိန်လာမှာလဲ"
"ခဏနေပဲ။ လာ အိပ်ခန်းထဲ အရင်သွားနှင့်ကြစို့"
နေရောင်ခြည်က ရွှေရောင်ပိုးသားလိုက်ကာပေါ် ဖြာကျနေသည်။ ရွှေခြည်မျှင်တို့က လေပြည်ထဲ လွင့်မျောနေသလို တလှုပ်လှုပ်။ ဒီလိုက်ကာကြီးက နေ့ခင်းဆို ကုတင်တိုင်ထိပ်မှာ ချည်ထားပြီး ညကျမှ ဖြည်ချထားလေ့ရှိသည်။ ယခုကတော့ နွေဦးနေရောင်အောက်မှာ တလက်လက်။
"အခု ဘာလုပ်ကြမှာလဲ"
"မျက်စိမှိတ်ထား"
ရှောင်းကျန့် မျက်စိမှိတ်ထားတော့ အဝတ်အစားချွတ်သံတို့နှင့်အတူ သင်းပျံပျံ့ရနံ့တခုက နှာဖျားကို တိုးဝှေ့လာသည်။ မျက်စိမှိတ်ထားပေမယ့် သူ့အာရုံတွေက စူးရှနေဆဲ။ ခန်းမထဲမှ အသက်ရှူသံကို သူကြားရသည်။ ဒါ အပျိုတော်တွေဆီက မဟုတ်ဘူး။ အပျိုတော်တွေ အားလုံးကို အပြင်ထွက်ခိုင်းထားတာ။ ပြီးတော့ ဒါမျိုးက အတွင်းအားကောင်းတဲ့ ယောကျာ်းလေးရဲ့ အသက်ရှူသံမျိုး။
သူက အသံကို နှိမ့်ချလိုက်ပြီး စုကျစ်ဟွားကို မေးသည်။
"အပြင်မှာ တယောက်ယောက် ရောက်နေပြီ"
YOU ARE READING
မြေခွေးမိစ္ဆာလေးရဲ့ ပုံပြင်
Fanfictionနေသာတဲ့ တနေ့မှာ ကျင့်ကြံသူ ဝမ်ရိပေါ်ဟာ မြေခွေးလေးတကောင် ကောက်ရသတဲ့..