Warning : explicit sexual content, breath play***
တောင်ပေါ်မှ ခန်းမဆောင်ကို အလှဆင်ပြီးပြီ။ အနီရောင် မင်္ဂလာကြိုးတွေက ရိပေါ်ပြောသလိုပင် တောင်ခြေမှ တောင်ပေါ်ထိ ချိတ်ဆွဲထားသည်။ အဝေးမှကြည့်လျှင် အနီရောင်မုန့်ကြိုးလိမ်လေးတွေလို။
ခန်းမက ကြီးကျယ်ခမ်းနားလှသည်။ ထိုင်ခုံ၊ စားပွဲခင်းနှင့် လိုက်ကာတို့ကို ရောင်စုံ ပိုးဖဲ ကတ္တီပါတို့နှင့် ချုပ်လုပ်ထားသည်။ အသီးအနှံတွေက ခြင်းလိုက်။ အိုးခွက်ပန်းပန်တွေက သေတ္တာလိုက်။ အောက်မှာက နူးညံ့အိစက်နေသော နီရွှေရောင် မွေးပွကော်ဇောကြီး။ အိပ်ခန်းထဲမှာလဲ လိုက်ကာတွေ အပြည့်။ တောက်ပနေသော နီရဲရဲ လိုက်ကာက အိပ်ရာထက်မှာ။ မွေ့ရာပေါ်မှာ လည်ချင်းယှက်၍ တေးသီနေသော ကြိုးကြာနှစ်ကောင်ပုံ ပန်းထိုးထားသည်။ ရွှေရောင်အနားကွပ်ထားသော အနီရောင် ခေါင်းအုံး နှစ်လုံးက ယှဉ်တွဲလို့။
အခြေအနေတွေက ရှောင်းကျန့် ထိန်းချုပ်မရတော့တဲ့အထိ ဖြစ်ကုန်ပြီ။ ရိပေါ်ကို သူ နောက်ဆုံး အခွင့်အရေး ပေးခဲ့ပေမယ့် ရိပေါ်က လိမ်နေတုန်းပဲ။ အဲ့ဒီတော့ သူ ရှေ့ဆက်တိုးဖို့ ဆုံးဖြတ်လိုက်သည်။ တကယ်ကြီး အခမ်းအနား အပြင်အဆင်ကို မြင်တော့ သူ ကြောက်ရွံ့မိပြန်သည်။ ပြီးခဲ့သည့် ရက်တွေမှာ ဝယ်သမျှကို တောင်ပေါ် ပို့ခိုင်းလိုက်တာဆိုတော့ ဘယ်လောက်ထိ ဝယ်မိလဲ ဘယ်လောက်ထိ ကြီးကျယ်သွားလဲ သတိမထားမိ။ သူ ဒါကို ဆက်လုပ်ဖို့ တွေဝေမိပြန်သည်။ ဒါပေမယ့် သူလုပ်ကို လုပ်ရလိမ့်မယ်။ သူ့ဘဝတလျှောက်လုံး နောင်တတွေနဲ့ မနေချင်ဘူး။
တဖက်မှာက လှပတဲ့ မင်္ဂလာအိပ်ယာခမ်းနား။ တဖက်မှာက ပုံပျက်ပန်းပျက် မြှုပ်နှံထားခံရတဲ့ မြေခွေးမိစ္ဆာ အလောင်းတွေ။ သူသာလက်စားမချေရင် ထောင်ချီတဲ့ မြေခွေးမိစ္ဆာ ဝိဉာဉ်တွေက သူ့ကို ကျိန်စာတိုက်ကြလိမ့်မယ်။ ကျိန်စာတိုက်ရုံတင်မကဘူး။ နေ့ကောညပါ မအိပ်နိုင်အောင် ခြောက်လှန့်ကြလိမ့်မယ်။ ရိပေါ်၏ အကြင်နာမျက်ဝန်းတို့က သူ့ခေါင်းထဲ ရောက်လာပြန်သည်။
ဟင့်အင်း.. သူ စိတ်ပျော့လို့ မဖြစ်ဘူး။ လက်စားချေရမယ်! သူ လက်စားချေရမယ်!
YOU ARE READING
မြေခွေးမိစ္ဆာလေးရဲ့ ပုံပြင်
Fanficနေသာတဲ့ တနေ့မှာ ကျင့်ကြံသူ ဝမ်ရိပေါ်ဟာ မြေခွေးလေးတကောင် ကောက်ရသတဲ့..