Unicode
ဝေ့လန်ဖျားနေပြီ
_______________________________ဝေ့ယဲ့ချန် ကုမ္ပဏီအလုပ်တွေပြီးတာနဲ့ အရင်ကသူ့သားနဲ့အတူနေခဲ့ဖူးသည့် ဗီလာကြီးဆီပြန်လာခဲ့ကာ ပုံမှန်စစ်ဆေးနေကြဖြစ်သော ဝေ့ရွှင်း၏ အဘက်ဘက်အပေါ်အတွေးအမြင်များကို လာစစ်ဆေးသည်။ သူ စာကြည့်ခန်းထဲဝင်လိုက်ရုံနှင့် အေးစက်ခမ်းနားသည့် စာကြည့်ခန်းနဲ့တစ်စက်ကလေးတောင် လိုက်ဖက်မှုမရှိသော အမွေးပွဝက်ဝံရုပ်ကြီးကိုမြင်လိုက်ရလေသည်။
ဒီလို ကလေးတွေသာကြိုက်တတ်သည့် ကစားစရာအရုပ်မျိုးတွေကို ဝေ့ရွှင်းကြိုက်တတ်တယ်မှန်း သူ့မမှတ်မိတာကြောင့် အင်မတန်ကိုမှ စပ်စုလိုသည့်မျက်နှာထားဖြင့် မေးလိုက်သည်။
'' ဒီအမွေးပွဝက်ဝံကြီးက ဘယ်ကနေရောက်လာတာလဲ ''
ဝေ့ရွှင်းက သူ့အဖေမေးတာကို ပြန်မဖြေလာပဲ
'' ဒီနေ့ ကျွန်တော့်ကို လာရှာတာဘာကိစ္စလဲ ''
ဝေ့ယဲ့ချန် လက်ဖက်ရည်စားပွဲရှေ့ထိုင်လိုက်တာကိုမြင်တော့ ဝေ့ရွှင်းလည်း သူ့စာကြည့်စားပွဲကနေထလာပြီး သူ့အဖေနဲ့မျက်နှာချင်းဆိုင်ထိုင်လိုက်ကာ တဖက်လူဘာပြောလာမလဲ စောင့်နေလိုက်သည်။
သူတို့သားအဖနှစ်ယောက် သူတို့အိမ်ကိစ္စတွေ၊ မိသားစုပြဿနာတွေအကြောင်း အရင်ဆွေးနွေးလိုက်ကြကာ ဝေ့ရွှင်းက ဒီအိမ်အပေါ် အဲ့လောက်ကြီး စိတ်ဝင်စားမှုမရှိတာကြောင့် ဝေ့ယဲ့ချန်မေးလာသမျှကို အမေးတစ်ခွန်းအဖြေတစ်ခွန်းနဲ့သာတုံ့ပြန်သည်။ ကိုယ့်အိမ်ကိစ္စပြဿနာတွေပြီးတာနဲ့ ဝေ့ယဲ့ချန်လည်း ကွေ့ဝိုက်မနေတော့ပဲ သူဝေ့ရွှင်းဆီလာရသည့် အဓိကအကြောင်းရင်းအား တည့်ပဲပြောချလိုက်တော့သည်။
'' ဝေ့မင်ရဲ့မြေးက အခုတလော မင်းဆီခဏခဏလာနေတယ်လို့ကြားတယ် မင်းတို့အဲ့လောက်အထိ ရင်းနှီးနေကြတယ်ပေါ့? ''
ဝေ့ရွှင်းက သူ့အဖေသူကြည့်ပြီး
'' ခင်ဗျားပြောချင်တာ ဘာလဲ ''
'' ဝေ့မင် အဲ့ဒီလူကြီးမှာ သူ့တစ်ဘဝလုံး အားနည်းချက်ဆိုလို့ နှစ်ခုပဲရှိတယ် တစ်ခုက သူ့သမီး တစ်ခုကသူ့မြေး တကယ်လို့ မင်းသာ ငါကြားသလိုမျိုး သူ့မြေးနဲ့ဆက်ဆံရေးကောင်းတယ်ဆို နောက်ပိုင်းကျ မင်းအတွက် အထောက်အပံ့ကောင်းတစ်ခုဖြစ်လာလိမ့်မယ် ''
YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||
Fanfictionဖန် ထွမ်စလေးရှင်း ဝေ့ဝေ့