Chapter 14

4.3K 798 62
                                    

Unicode

ဝေ့လန်က တောင်းပန်မှာမဟုတ်ဘူး၊ ဘယ်တော့မှလည်း တောင်းပန်စရာမလိုဘူး
________________________________

ယွင်လျန် ဝေ့ရွှင်းကို အိမ်သာသွားမယ်ဆိုသည့် အကြောင်းပြချက်နှင့် အပြင်ကိုပထုတ်လာပြီး တောင်ပေါ်မှာရှိတုန်းက သူ့ညီမပြောခဲ့တာတွေကို စိတ်ထဲမထားဖို့နှင့် သူ့ညီမဘက်က စိတ်ကွက်အောင်လုပ်မိရင်လည်း ခွင့်လွှတ်ပေးဖို့ အစ်ကိုကြီးတစ်ယောက်နေရာကနေ အကျိုးအကြောင်းရှင်းပြပေးချင်လို့ ခေါ်ထုတ်လိုက်ခြင်းဖြစ်သည်။ ဝေ့ရွှင်းကတော့ အစကတည်းက ဒီကိစ္စအပေါ် ဘယ်လိုမှသဘောမထားကြောင်း ပြန်ပြောလာပြီး ယွင်လျန်တစ်ယောက်ထဲကသာ သူ သေချာမရှင်းပြလျှင် ဝေ့ရွှင်း သူ့ညီမကိုအမြင်ကတ်သွားမှာစိုးတာကြောင့် သူမဘက်ကနေ စကားတွေဖာထေးပြောပေးနေသည်။ ဝေ့ရွှင်းနဲ့သူ့ညီမက မလိုက်ဖက်မှန်း၊ ဝေ့ရွှင်းက သူ့ညီမကိုပြန်မကြိုက်လောက်မှန်း ဟိုးးးစိတ်ထဲအသည်းထဲကနေ သိနေပေမဲ့လည်း သူ့ညီမကဝေ့ရွှင်းကိုကြိုက်နေတာကြောင့် အနည်းဆုံးတော့ တဖက်လူရဲ့ မျက်လုံးထဲမှာ တတ်နိုင်သလောက် အမြင်ကောင်းတွေရှိနေဖို့မျှော်လင့်ခဲ့သည်။

ဝေ့ရွှင်းကတော့ ယွင်လျန်လောက် အသေးစိတ်လိုက်တွေးမနေပါ။ သူ့အတွက်က ယွင်ယင်းဆိုသည်မှာ သူ့ဘေးနား ဖြတ်လျှောက်သွားသည့် သာမန်မိန်းကလေးတစ်ယောက်သာဖြစ်ပြီး ယွင်လျန်ရဲ့ညီမဆိုသည့် အကြောင်းပြချက်ကြောင့်သာ သူတို့ဘယ်သွားသွား၊ဘာလုပ်လုပ် သူတို့နဲ့လိုက်နိုင်ခြင်းဖြစ်သည်။ ဒါပေမဲ့ အဲ့ထက်မပို။ တစ်ခါမှလည်း သေချာ စေ့စေ့စပ်စပ်မကြည့်ဖူးတာကြောင့် ကြိုက်တယ်ရယ်လို့လည်းမရှိ၊ မကြိုက်ဘူးရယ်လို့လည်းမရှိ။ ဒီတိုင်း သာမန်ပင်။

သူနဲ့ယွင်လျန် ဘာမှများများစားစား သိပ်မပြောဖြစ်ပဲ ယွင်လျန်ရဲ့ရှင်းပြချက်ကိုနားထောင်အပြီးမှာတော့ သူ့ဘက်က နားလည်ကြောင်းပြန်ဖြေလိုက်ကာ နှစ်ယောက်သား သန့်စင်ခန်းထဲကနေပြန်ထွက်လာခဲ့ပြီး သူတို့အခန်းဘက်ပြန်လျှောက်လာလိုက်သည်။ သို့သော် သူတို့နှစ်ယောက်လုံး မထင်ထားခဲ့မိသည်မှာ တံခါးဖွင့်ဝင်လိုက်ချင်း ယွင်ယင်းငိုနေတာနဲ့ သွားတိုးမည်ဟုပင်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||Where stories live. Discover now