Chapter 26

4.6K 797 51
                                    

Unicode

ဝေ့ရွှင်းရဲ့ ၁၈နှစ်ပြည့် မွေးနေ့
_______________________________

ဝေ့လန် ဝေ့မင်အိမ်မှာ အကြာကြီးနေနေခဲ့ကာ ဝေ့ရှီးအလုပ်ခရီးထွက်နေတာကနေ ပြန်မလာခင်အထိ အိမ်မပြန်ခဲ့ပေ။ ဒီသုံးလေးရက်အတွင်း ဝေ့လန်နဲ့ဒီခွေးကြီးနှစ်ကောင်က အလွန့်အလွန်ကိုမှ အဆင်ပြေနေခဲ့တာကြောင့် တစ်ကောင်က သူ့မှသူ အတင်းလူလိုက်ကပ်နေသည်။ ဝေ့လန် မပြန်ခင် ဝေ့မင်ကို ခွင့်တောင်းပြီး သူ့လိုက်ကပ်နေသည့်တစ်ကောင်ကို အိမ်ခေါ်လာခဲ့သည်။ ဝေ့ရှီးလည်း ဝေ့လန် သူမအဖေဆီကနေ ခွေးတစ်ကောင်သယ်လာတာကိုမြင်တော့ ဘာမှမပြောလာပဲ ခွေးကြီးရဲ့ခေါင်းကိုပွတ်သပ်နေရင်း

'' ခွေးမွေးချင်လို့လား မား တစ်ကောင်လောက်ဝယ်ပေးရမလား ''

ဝေ့လန်ငြင်းလိုက်လေသည်။ သူဟာ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို အချိန်ပေးပြီး မွေးမြူရသည်အထိ စိတ်ရှည်သည်းခံတတ်သူတစ်ယောက်မဟုတ်ပါ။ ခွေးနဲ့အတူတူတစ်ခဏလောက်ဆော့ပေးတာက ပြဿနာမရှိသော်ငြား ခွေးမွေးပြီဆို ခွေးရဲ့ကိစ္စအဝဝလိုက်လုပ်ရတော့မည်ဖြစ်တာကြောင့် ပြဿနာရှိလာပြီဖြစ်သည်။ ဝေ့ရှီးလည်း သူမသားမလိုချင်တာကိုမြင်တော့ ထပ်မပြောတော့ပေ။

ဝေ့လန် အိမ်ကို ခွေးကြီးသယ်လာပြီးတာနဲ့ ခွေးနဲ့လမ်းလျှောက်ထွက်ပေးရသည်ဆိုသည့် ဒုက္ခကြီးက သူ့လက်ထဲရောက်လာတော့သည်။ ထို့ကြောင့်နေ့တိုင်းကျောင်းဆင်းတာနဲ့ အိမ်ပြန်ပြီး ညနေစာစားကာ ပြီးလျှင် ခွေးလည်ပင်းမှာကြိုးတပ်ရင်း ညနေ,ညနေတိုင်းခွေးကြီးနဲ့အတူတူလမ်းလျှောက်ထွက်ရတော့သည်။

ဝေ့ရွှင်း ဝေ့လန်ကို နောက်တစ်ခေါက်ထပ်တွေ့ချိန်က ကြာသပတေးနေ့ညပိုင်းမှာဖြစ်သည်။ သူကားပေါ်ကနေဆင်းလိုက်တာနဲ့ အလျင်လိုနေသည့်ပြေးလွှားသံများကိုကြားလိုက်ရပြီး သူ နောက်လှည့်ကြည့်လိုက်တော့ ခွေးကြီးတစ်ကောင်ရဲ့ဆွဲခေါ်မှုနောက်ပါလာသည့်ဝေ့လန်က သူ့ဆီအမောတကောပြေးလာတာကိုမြင်လိုက်ရလေသည်။

'' ရှောင်ဟေး အခုချက်ချင်း ရပ်စမ်း! ''

ဝေ့လန်က ထိုသို့အော်ပြီး ကစားလွန်၍ ပျော်နေသည့် ခွေးရိုင်းကြီးကို လည်ပတ်ကြိုးအတင်းဆွဲကာ သူပါမနည်း လိုက်ရပ်လိုက်ရသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||Where stories live. Discover now