Chapter 44

5.3K 853 22
                                    

Unicode

ကော အားလား? အားရင် ကျွန်တော်သီချင်းဆိုတာ လာကြည့်
_________________________________

'' လုပ်ရဲတယ် '' ဝေ့လန် ကလည်း ပြောင်ပြောင်တင်းတင်းပင်။

ဝေ့ရွှင်း ဘာမှမပြောလာပဲ သူ့လက်ကိုဆက်ချုပ်ထားသည်။

ဝေ့လန်ကလိမ်တွန့်ပြီး ဆွဲထုတ်ကြည့်ပေမဲ့လည်း တဖက်ကလုံးဝပြန်မလွှတ်ပေးလာတာကြောင့် ဘယ်လိုမှထုတ်မရဘူးဖြစ်နေသည်။ ထို့ကြောင့်အဆုံးမှာတော့ စိတ်တိုလာသည့်ဝေ့လန်တစ်ယောက် ဝေ့ရွှင်းကိုသူခန္ဓာကိုယ်ကြီးဖြင့်ဖိထားလိုက်သည်။

ဝေ့ရွှင်းကတော့ သူ့ကိုယ်ပေါ်ကဝိတ်ကိုမရှိသလိုမျိုးဥပက္ခာပြုထားကာ စိတ်ရှည်လက်ရှည်ထပ်မေးလာပြန်သည်။

'' လုပ်ရဲသေးလား ''

ဝေ့လန့်ကသရော်သံအပြည့်ဖြင့် '' ဟွန့် '' လုပ်လိုက်ကာ လုံးဝကိုမကြောက်သည့်လေသံနှင့်

'' ကျိန်းသေပေါက် လုပ်ရဲတယ် လုပ်ရဲရုံတင်မကဘူး လုပ်ကိုလုပ်ဦးမှာ ခင်ဗျားစောင့်ကြည့်နေလိုက် ခင်ဗျားခေါင်းကိုငှက်သိုက်လိုဖွပြီး ဓာတ်ပုံရိုက်ထားမှာ ပြီးရင်အဲ့ပုံကို Wechatမှာ momentပြန်တင်ပြမယ် ကြည့်နေ ဟမ့် လူကိုဘာမှတ်လို့ ''

ဝေ့ရွှင်းကတော့ တဖက်လူကတော်တော်လေးသတ္တိကောင်းနေတာပဲဟု တွေးရင်း

'' ဘယ်ကလာတဲ့ယုံကြည်ချက်တွေနဲ့လဲ ''

'' မွေးကတည်းကပါလာတဲ့ယုံကြည်ချက်တွေ မနာလိုစရာမလိုဘူး ကျေးဇူး ''

ဝေ့ရွှင်းခင်ဗျာ ဒီကောင်လေးရဲ့အပြောတွေကြောင့် ခေါင်းကြီးငုံ့ကာ သဘောတကျဖြင့်ကြိတ်ရယ်နေမိသည်။ သူ မရယ်ပဲလည်းမနေနိုင်တော့ ဝေ့လန်ဆိုတဲ့ကောင်လေးရဲ့အပြုအမူတိုင်းက ဘယ်နေရာကကြည့်ကြည့် ချစ်ဖို့ကောင်းပြီး နှစ်လိုမှုအပြည့်ရှိသည်။

သူ ဒေါသတလူလူထွက်နေသည့်ကောင်လေးကိုကြည့်ပြီး

'' ဘာစားချင်လဲ ''

'' Hotpotစားမယ် ''

'' ဒါဆို ကိုယ်တို့ တလက်စထဲ ပစ္စည်းတွေဝင်ဝယ်မယ်လေ ပြီးရင် အိမ်ပြန်ပြီးမင်းအတွက်လုပ်ပေးမယ် ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||Where stories live. Discover now