Chapter 33

4.7K 825 32
                                    

Unicode

ဘာစားချင်လဲ၊ ကိုယ်ချက်ကျွေးမယ်
______________________________

ဝေ့လန်ဆီကနေ ဒီညပြန်မလာတော့ဘူးဆိုသည့် ဖုန်းcallကို လက်ခံလိုက်ရချိန်မှာတော့ ဝေ့ရှီးတစ်ယောက် အချိန်အကြာကြီး ဆွံ့အနေခဲ့သည်။

ဝေ့လန်က ဝေ့ရွှင်းဖုန်းဖြင့် သူ့အမေဆီဖုန်းလှမ်းခေါ်ကာ သူဒီညပြန်မလာဖြစ်ကြောင်းကို လေသံတိုးလေးဖြင့် ရှင်းပြလာသည်။

'' ဒီနေ့က သူ့မွေးနေ့လေ အဲ့ဒါ သူက သားကို အနားမှာရှိနေပေးပါဆိုလို့ ဒီညတော့ပြန်မလာတော့ဘူး မနက်ဖြန်မှ ပြန်လာခဲ့မယ်နော် ''

ဝေ့ရှီး နာရီကိုလှမ်းကြည့်ရင်း

'' 12တောင်ကျော်နေပြီ နောက်တစ်ရက်ရောက်သွားပြီလေ သူ့မွေးနေ့မဟုတ်တော့ဘူး ''

ဝေ့လန်ခင်ဗျာ ကူကယ်ရာမဲ့နေသည့်လေသံလေးဖြင့်

'' အဲ့လိုသတ်မှတ်လို့မရဘူးလေ ''

'' ဒါဆိုဘယ်လိုသတ်မှတ်မှာလဲ သူ့မွေးနေ့မပြီးသေးဘူးလို့သတ်မှတ်မှာလား 28ရက်ရောက်သွားပြီ ပေါင်ပေါင် 27ရက်မဟုတ်တော့ဘူး ''

ဝေ့လန်က ဘာမှပြန်မပြောပဲ '' ဟွန့် '' ဆိုသည့် မကျေမနပ်သံလေးကိုသာ ခပ်တိုးတိုးလေးထွက်မိသွားသည်။

'' အယ် မားကိုတောင်ပြန်ဟွန့်နေသေးတယ် မင်း သူနဲ့လိုက်သွားတဲ့အချိန်ကဘာပြောခဲ့လဲ အခုပဲပြန်လာမှာလို့ မင်းကိုယ်တိုင်ပဲပြောသွားခဲ့တာမဟုတ်ဘူးလား အခုတော့ကောင်းရော ခွင့်လွှတ်ပေးလိုက်တဲ့အပြင် အိမ်ပါပြန်မလာတော့ဘူး မင်းဘာလို့ သူ့ကို အဲ့လောက်မြန်မြန်ကြီးခွင့်လွှတ်လိုက်ရတာလဲ မင်း တကယ်ကိုအချော့လွယ်တာပဲ ''

'' သူ တောင်းပန်ပြီးသွားပြီလေ ''

'' တောင်းပန်တာနဲ့ တန်းခွင့်လွှတ်လိုက်ရလား တောင်းပန်တာက ဘာသုံးစားလို့ရလို့လဲ တောင်းပန်ပါတယ်ဆိုတာက ကမ္ဘာပေါ်မှာ အသုံးမဝင်ဆုံးစကားပဲ အိုင်း မားရဲ့ရှောင်လန်လန်လေးရေ ဘာလို့အဲ့လောက်တောင် ကြင်နာတတ်ရတာလဲ ''

'' ဘာပဲဖြစ်ဖြစ် သား ဒီညပြန်မလာတော့ဘူး '' ဝေ့လန်ကလည်း ဆုံးဖြတ်ချက်ချပြီးပြီဖြစ်တာ​ကြောင့် '' မားလည်း စောစောအနားယူတော့နော် သားမနက်ဖြန်မှအိမ်ပြန်လာခဲ့မယ် ဝမ်အန်း ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||Where stories live. Discover now