Unicode
ကျွန်တော် ခင်ဗျားအတွက် အိမ်လေးဆောက်ပေးမယ်လေ မကောင်းဘူးလား
__________________________________'' ကိုယ်တို့နှစ်ယောက်ရဲ့ အချိန်အများစုက ဒီအိမ်ထဲမှာပဲ ကုန်ဆုံးခဲ့ရတာ မင်းရဲ့မူလတန်းကျောင်းကလည်း ကိုယ်နဲ့ဝေးလွန်းတဲ့အတွက် ကိုယ်မလာဖြစ်သလို ကိုယ့်ရဲ့အထက်တန်းကျောင်းကလည်း မင်းနဲ့သိပ်ဝေးလွန်းတဲ့အတွက် မင်းလည်းမလာဖြစ်ဘူး အဲ့တော့ကိုယ်တို့နှစ်ယောက်ရဲ့ အချိန်အများစုက ဒီဗီလာဝင်းနဲ့ ကိုယ့်အိမ်မှာပဲ ကုန်ဆုံးခဲ့ရတာများတယ် အဲ့တော့ မင်းရဲ့ကမ္ဘာကိုလည်း ဒီလောက်အထိပဲကျယ်တယ်လို့သတ်မှတ်ထားခဲ့တာ ''
တဖက်ကဘာပြောချင်နေမှန်း တဖြည်းဖြည်းသိနားလည်လာပြီဟု ဝေ့လန်ခံစားလိုက်ရသည်။
ဝေ့ရွှင်း ပန်းကန်ထဲက ဆပ်ပြာရည်တွေကိုသွန်လိုက်ကာ ရေသန့်ဖြင့်ဆေးချပြီး တိတ်တိတ်ကလေးပန်းကန်ဆက်ဆေးနေခဲ့သည်။ ဒီစကားတွေကို ပြောနေတဲ့သူ့အသံက တည်ငြိမ်အေးဆေးနေပြီး တစ်ချိန်က သူ့ကိုအနှောက်အယှက်ဖြစ်စေခဲ့သည့်အရာတွေဟာ အခုတော့ ဘာမှမဟုတ်တော့သလိုမျိုး စိတ်သက်သာရာရသွားခဲ့လေသည်။
'' ဒါပေမဲ့ အဲ့လိုမဟုတ်ခဲ့ဘူး ''
'' မင်းရဲ့ကမ္ဘာက ကိုယ်တွေးထားတာထက် တော်တော်ကြီးကိုကျယ်နေမှန်း အဲ့နေ့ကျမှသိလိုက်ရတာ ကိုယ် မင်းကမ္ဘာထဲမှာ အဝင်အထွက်လုပ်နေလည်း နဂိုရှိနေတဲ့လူတွေနဲ့ထူးမခြားနားပဲ ကိုယ်က မင်းအတွက် အရေးပါကောင်းပါလိမ့်မယ် ဒါပေမဲ့ အစားထိုးလို့မရတဲ့နေရာမျိုးမှာရောက်မနေသလို ကိုယ်မရှိရင်မဖြစ်တဲ့ ဖြစ်တည်မှုမျိုးလည်းမဟုတ်ဘူး မင်း ကိုယ့်ကိုသဘောကျတာက မင်းသူငယ်ချင်းတွေကို သဘောကျသလိုမျိုးပဲ မင်းမှာ နောက်ထပ်နောက်ထပ် သူငယ်ချင်းတွေကို မိတ်ဖွဲ့လို့ရသလို နောက်ထပ် နောက်ထပ် ကောကောတွေလည်း ထပ်ခင်လို့ရတယ် ကိုယ်က မင်းလိုချင်တောင့်တဖူးတဲ့ အစ်ကိုတစ်ယောက်ပုံစံမျိုးတော့ဟုတ်မနေဘူးလေ ဟုတ်တယ်မလား မင်းသဘောကျတာမျိုးက နေရောင်ခြည်လိုမျိုး နွေးထွေးတဲ့အစ်ကိုတစ်ယောက် မင်းလိုမျိုး ကြင်နာတတ်ပြီး သဘောကောင်းတဲ့အစ်ကိုတစ်ယောက် ဒါပေမဲ့ ကိုယ်ကအဲ့လိုလူမဟုတ်ဘူး ကိုယ်ဆိုတဲ့လူက သဘောထားသေးသိမ်တယ် တစ်ကိုယ်ကောင်းဆန်တယ် ပင်ကိုယ်ဗီဇအရ ကြင်နာသနားတတ်တာတွေ သဘောကောင်းတာတွေလည်းမရှိသလို အေးစက်တယ် ရန်သူကိုလည်းမသက်ညှာတတ်ဘူး ရက်စက်တယ် လုံးဝလူကောင်းတစ်ယောက်ဟုတ်မနေဘူး ဒါပေမဲ့ မင်းကတော့ အစကတည်းက လိမ္မာတဲ့ကလေးတစ်ယောက် ကိုယ်နဲ့မတူဘူး အဲ့နေ့ကသာ မင်းအိမ်မှားပြီး ကိုယ့်အိမ်ကိုမရောက်လာခဲ့ရင် ဒီအနီးအနားတစ်ဝိုက်မှာ မင်းနဲ့အတူကစားပေးမဲ့အဖော်သာမရှိခဲ့ရင် ကိုယ်တို့အစကတည်းက တွေ့ခဲ့မှာမဟုတ်သလို ကိုယ်တို့ရဲ့ဆက်ဆံရေးကလည်း ဒီအခြေအနေအထိရောက်လာမှာမဟုတ်ဘူး ''
YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||
Fanfictionဖန် ထွမ်စလေးရှင်း ဝေ့ဝေ့