Unicode
ခင်ဗျားမှာ ကျွန်တော့်ကို ဝန်ခံစရာရှိလား ရှိရင် အခုချက်ချင်းဝန်ခံထားလိုက်
_______________________________'' မလိုတော့ဘူး ငါ ပြန်ရောက်မှ ငါ့အစ်ကိုနဲ့တူတူစားမယ် ''
'' ဒီဖက်ထုပ်လေးအခုသုံးဆယ်ကို? အတူတူစားမယ်? လောက်ရောလောက်ပါ့မလား '' ယန်းချင်းချီကတော့ သူတို့နှစ်ယောက်ရဲ့အစားစားသည့်ပမာဏအပေါ် တော်တော်ကြီးသံသယရှိနေလေသည်။
ဝေ့လန်က သူ့လည်ပင်းလေးသူပွတ်ရင်း
'' ငါလျှော့စားလိုက်မှာပေါ့ အဲ့လိုဆိုရင်တော့လောက်ကောင်းပါတယ် ''
ယန်းချင်းချီကတော့ပြောစရာစကားများပျောက်ဆုံးနေခဲ့သည်။
'' မင်းဒီလောက်သူ့အပေါ် သိတတ်နေတာတောင် ငါ့ကိုတပြန်ကြီးဖဲ့ချင်သေးတယ်ပေါ့ ရင်ထုမနာပဲ အချစ်လေး ဒါကအရင်ခေတ်ကလား မင်းသူ့အတွက် အစားလျှော့စား ငွေပိုစုပြီး မင်းအစ်ကိုအတွက်အကောင်းဆုံးတွေပဲချန်ထားချင်တာမျိုးလေ အိုက်ယိုး ဝေ့လန် မင်းကတော့..... ''
ယန်းချင်းချီထလိုက်ကာ ချီချီနဲ့ယန့်ယန့်စားနေစဥ် နောက်ထပ်အခုသုံးဆယ်လောက်ထပ်ပြုတ်လိုက်ပြီး
'' ဒါတွေက မင်းစားဖို့ ခဏနေ ကျက်တော့မှာ ဒီမှာစားလည်းရသလို မင်းအစ်ကိုနဲ့အတူတူစားချင်တယ်ဆိုလည်း အိမ်ယူသွားလို့ရတယ် ''
'' မင်းနဲ့ကျန်းမော့ချန်အတွက်ရောလောက်ရဲ့လား ''
ဝေ့လန်ကတော့သူအများကြီးယူသွားမိမှာကိုစိုးရိမ်နေသည်။
'' စိတ်ချ လောက်တယ် ငါဖက်ထုပ်လုပ်တိုင်းနှစ်နပ်စာလောက်စားလို့ရအောင် အမြဲပြင်ထားတာ ''
ဝေ့လန်လည်းထိုအခါမှစိတ်အေးသွားကာ သူ့ခင်ဗျာစုတ်တသပ်သပ်ဖြင့်
'' ကျန်းမော့ချန်တကယ်ကံကောင်းတယ် ဒီတိုင်း လူကြီးတွေစီစဥ်ပေးထားတဲ့လက်ထပ်ပွဲဖြစ်နေတာတောင် မင်းလိုလူမျိုးကိုရအောင်ယူနိုင်ခဲ့တယ် ''
'' ဒီလို စကားမျိုးများများပြောပေးစမ်းပါ ငါကြိုက်တယ် ဆက်ပြော ''
YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||
Fanfictionဖန် ထွမ်စလေးရှင်း ဝေ့ဝေ့