Chapter 28

4.4K 861 53
                                    

Unicode

ညီလေးကို ချော့တော်မူခန်း
______________________________

ဝေ့ရွှင်း အမြန်ဆုံးနှုန်းနဲ့ ဝေ့လန်အိမ်ရောက်သွားကာ တံခါးဘဲလ်ကို အလောတကြီးနှိပ်နေမိသည်။ ဝေ့ရှီးအိမ်ထဲကနေထွက်လာပြီး ခြံတံခါးကိုဖွင့်လိုက်စဥ် တံခါးဘဲလ်ကိုအဆတ်မပြတ်တီးနေတဲ့လူက ဝေ့ရွှင်းမှန်းမြင်လိုက်ရတာကြောင့် သူမလည်းအနည်းငယ်ကြောင်အသွားလေသည်။

'' မင်းဘယ်လိုလုပ်ရောက်လာတာလဲ ''

'' ကျွန်တော်ရှောင်လန်ကိုလာရှာတာ ''

ဝေ့ရှီးက သူ့ကိုတံခါးဖွင့်ပေးလာကာ နူးညံ့သည့်လေသံဖြင့်

'' ရှောင်လန်က အိပ်တောင်အိပ်နေပြီ ''

'' ရပါတယ် '' ဝေ့ရွှင်းက ထိုအရာတွေကိုဂရုမစိုက်အားပဲ '' ကျွန်တော်သူနဲ့ပြောစရာရှိလို့ ''

သူ ထိုသို့ပြောပြီးတာနဲ့ ဝေ့ရှီးဘေးကနေဖြတ်ပြီး ဝေ့လန်အိမ်ထဲကို ဇွတ်ဝင်လာတော့သည်။ ဝေ့ရှီးလည်း ဝေ့ရွှင်းပုံစံကိုကြည့်ရတာ အရမ်းအလျင်လိုနေတဲ့ပုံပေါက်တာကြောင့် သူမလည်းတံခါးအမြန်ပြန်ပိတ်လိုက်ပြီး နောက်ကနေအတင်းလိုက်လာသည်။

ဝေ့လန်က သူ့ကို အိပ်ခန်းထဲတစ်ခါအလည်ခေါ်ဖူးတာကြောင့် သူ့ရဲ့ကောင်းမွန်တဲ့မှတ်ဉာဏ်အကူအညီဖြင့် ဝေ့လန်အခန်းကဘယ်မှာရှိနေမှန်း အလွယ်လေးရှာတွေ့သွားသည်။ သူ အခန်းတံခါးကိုဖွင့်ပြီး မီးဖွင့်လိုက်စဥ် ဝေ့လန်ကသူ့ရဲ့လှေငယ်လေးထဲမှာ စောင်ခြုံပြီး အပီအပြင်အိပ်ပျော်နေတာကိုမြင်လိုက်ရလေသည်။

ဝေ့ရွှင်းက ထိုနေရာအထိလျှောက်သွားလိုက်ကာ ကုတင်ဘေးဒူးတဖက်ထောက်ထိုင်ချလိုက်ပြီး အေးချမ်းစွာအိပ်ပျော်နေသည့် ဝေ့လန်ရဲ့မျက်နှာလေးကို တိတ်တိတ်ကလေးထိုင်ကြည့်နေမိသည်။ သူဒီလိုမြင်ကွင်းမျိုးကိုမမြင်ရတာ တော်တော်လေးကြာနေပြီဖြစ်သည်။

ဝေ့ရှီးကတော့ အပေါ်ထပ်အထိလိုက်လာခဲ့ပြီး သူမသားကိုနှိုးဖို့ပြင်နေသည့် ဝေ့ရွှင်းကိုတွေ့လိုက်ရတာကြောင့် တစ်ချက်ကလေးတားခြင်းပြုခြင်းမရှိပဲ အခန်းတံခါးဘောင်ကိုကျောမှီကာ လက်ပိုက်ရပ်ကြည့်နေလိုက်သည်။ သူမသားအိပ်နေတာကို နှောက်ယှက်ဖို့ပြင်နေသည့်ဝေ့ရွှင်းနှင့် အနှိုးခံရလျှင်ဒေါသပုန်ထတတ်သည့်ဝေ့လန်တို့နှစ်ယောက် ဘယ်လိုနှစ်ပါးသွားကြမလဲ သူမအရမ်းကိုသိချင်နေပြီဖြစ်သည်။ သို့သော် ဝေ့လန်က ဝေ့ရွှင်းအိမ်မှာ သွားအိပ်ပေါင်းလည်း မနည်းတော့တာကြောင့် ဝေ့ရွှင်းက အခုဆို ဝေ့လန်ကိုဘယ်လိုနှိုးရင် ဘယ်လိုဒေါသအထွက်နည်းပြီးနိုးလာမယ်ဆိုသည့်နည်းလမ်းများအား ဆရာကျနေပြီဖြစ်သည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||Where stories live. Discover now