Chapter 10

5.3K 806 46
                                    

Unicode

ရေချိုးဝတ်ရုံနဲ့ ဆံပင် လေမှုတ်ပေးခြင်း
_________________________________

ဝေ့လန် ၁၀နာရီကျော်လောက်မှနိုးလာခဲ့သည်။ သူ အိပ်ယာပေါ်ကနေထထိုင်ပြီး မျက်လုံးတွေဟိုပွတ်ဒီပွတ်လုပ်နေရင်း အခန်းကြီးကသူနဲ့မရင်းနှီးသလိုမျိုးခံစားနေရပြီးမှ ဝေ့ရွှင်းအိမ်ကိုရောက်နေကြောင်းသတိရသွားတော့သည်။

'' နိုးပြီလား '' ဝေ့ရွှင်း ဘောပင်ကိုချပြီး မေးလိုက်သည်။

ဝေ့လန်လည်း အသံလာရာဘက်လှည့်ကြည့်လိုက်တော့ ဝေ့ရွှင်းက သူ မနေ့ကလက်ရေးလှရေးခဲ့သည့် အဲ့ဒီစားပွဲခုံမှာပဲ ထိုင်နေတာကိုမြင်လိုက်ရသည်။ သူလည်းခေါင်းငြိမ့်ပြလိုက်ကာ ကုတင်ခေါင်းရင်းမှာတင်ထားသည့် Alarmနာရီဘက်လှမ်းကြည့်လိုက်ရင်း

'' ကောကော ကျောင်းမသွားဘူးလား ''

'' မသွားဘူး '' ဝေ့ရွှင်း သူ့ဘက်လျှောက်လာပြီး နဖူးလေးကိုစမ်းကာ ကိုယ်ပူမပူထပ်တိုင်းနေရင်း '' ကြည့်ရတာ အပူချိန်ကတော့ပုံမှန်ဖြစ်သွားပုံပဲ ''

ဝေ့လန်လည်း ခေါင်းလေးတငြိမ့်ငြိမ့်ဖြင့်

'' အွန်း ကျွန်တော်လည်း အများကြီးကောင်းသွားပြီလို့ခံစားရတယ် အရင်ကလောက်ခံရမခက်တော့ဘူး ''

ဝေ့ရွှင်းစိတ်ထဲမှာတော့ ကြည့်ရတာ ဝေ့ရှီးပြောတဲ့စကားတွေက တကယ်မှန်နေတာပဲဟုတွေးမိလေသည်။ ဝေ့လန်က ကိုယ်ခံအားကောင်းမွန်တဲ့အတွက် ခဏလောက်အိပ်ပြီး ချွေးလေးစို့သွားတာနဲ့ နောက်နေ့မနက်တကယ်ကြီးကိုပြန်ကောင်းသွားလေသည်။

'' ငါ မင်းဆရာမကို မင်းအစားခွင့်တိုင်ပေးထားတယ် ခဏနေ အိပ်ယာထပြီးရေသွက်သွက်လေးချိုးလိုက် ပြီးရင်တစ်ခုခုစားရအောင် ''

ဝေ့လန်က ဇဝေဇဝါရုပ်လေးဖြင့် ဝေ့ရွှင်းကိုပြန်ကြည့်နေရင်း

''ကျွန်တော်အစားခွင့်တိုင်ပေးရအောင် ကောကောက ကျွန်တော့်ဆရာမကိုသိလို့လား ''

'' မသိဘူး '' ဝေ့ရွှင်းကလည်း အမှန်အတိုင်းထုတ်ပြောလာသည်။ '' အဲ့ဒါကြောင့် ငါ မင်းဖုန်းကိုယူပြီး ခွင့်တိုင်လိုက်တာ ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||Where stories live. Discover now