Unicode
ဝေ့ရွှင်းရဲ့ညီကို မင်းမို့လို့သွားထိရဲတယ်ကွာ!
______________________________ယွီလင်လည်း သူမရှေ့က လူကောင်းတွေဖြစ်ပုံမပေါ်သည့် အထက်တန်းကျောင်းသားတွေကိုကြည့်ရင်း ဝေ့လန်ရဲ့အင်္ကျီစကိုလှမ်းဆွဲကာ
'' မသွားနဲ့ ''
'' ဘာမှမဖြစ်ဘူး '' ဝေ့လန်က သူမကိုနှစ်သိမ့်လိုက်သည်။
ဝေ့လန် ကောင်းရှန်းကိုကြည့်ပြီး
'' ငါ မင်းနဲ့လိုက်ခဲ့မယ် ဒါပေမဲ့ ငါ့သူငယ်ချင်းတွေကိုအရင်သွားခွင့်ပြုလိုက်တော့ ''
'' ဒါတော့မဖြစ်ဘူးလေ မင်းရဲ့ချစ်လှစွာသောသူငယ်ချင်းလေးတွေက ဆရာတွေ သွားခေါ်ရင်ဘယ်လိုလုပ်ကြမလဲ ''
ယွမ်ရှောင်ဖန့်က နှာခေါင်းရှုံ့လိုက်ကာ
'' ဆရာသွားခေါ်တဲ့ကောင်က မြေးလေးပဲ ငါနဲ့ဝေ့လန် မင်းတို့နောက်လိုက်ခဲ့မယ် ဒါပေမဲ့ မိန်းကလေးကိုတော့ ထွက်သွားခိုင်းလိုက် ဘာလဲ မင်းတို့က မိန်းကလေးကိုတောင် ရိုက်ချင်တာလား ''
'' ငါပြောပြီးသား ဘယ်သူမှထွက်သွားခွင့်မရှိဘူး ''
ဝေ့လန်အသံမှာ အေးစက်စက်
'' မင်းက အခုအချိန်ထိ ကိုယ့်ကိုယ်ကိုယ် စောက်ရမ်းအထင်ကြီးလွန်းနေတာပဲ လင်လင် နင်သွားတော့ နင့်ကိုဘယ်သူတားရဲသလဲ ငါကြည့်ကြည့်မယ် ''
သူမကြောင့် သူမသူငယ်ချင်းနှစ်ယောက်နဲ့ ကောင်းရှန်းတို့ ထိပ်တိုက်တွေ့ကြမှာကို သူမက ဘယ်လိုလုပ်ထွက်သွားရဲပါ့မလဲ။ ထို့ကြောင့် ဝေ့လန်ဘက်ခေါင်းခါပြလိုက်ကာ
''ရတယ် ရှောင်လန် ငါပါ နင်တို့နဲ့လိုက်ခဲ့မယ် ငါ့အတွက်စိတ်မပူပါနဲ့ ''
သို့သော် ဝေ့လန်က သဘောမတူပါ။
'' သူ့ကိုယ်သူ အကြီးဆိုတိုင်း ငါ့ကိုလာအမိန့်ပေးလို့ရမလား သူ့မှာ အဲ့လောက်အထိ အရည်အချင်းမရှိသေးဘူး ''
ကောင်းရှန်းက ဝေ့လန်ကို ရွံသလိုရှာသလိုကြည့်နေရင်း တဖက်လူမျက်နှာထက်က ခေါင်းမာသည့်အရိပ်အယောင်တွေကိုမြင်ရတော့ ပို၍စိတ်တိုလာကာ
YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||
Fanfictionဖန် ထွမ်စလေးရှင်း ဝေ့ဝေ့