Unicode
ခင်ဗျား မကြိုက်ရင် ကျွန်တော် မဝတ်တော့ဘူး
________________________________ဝေ့လန်လည်း တဖက်လူရဲ့နောက်ကျောကို အကြာကြီးရပ်ကြည့်နေခဲ့ပြီး မီးဖိုချောင်ထဲကနေ တိတ်တိတ်ကလေးပြန်ထွက်လာခဲ့သည်။
သူ ထမင်းစားပွဲနားက ခုံတစ်ခုံပေါ်ဝင်ထိုင်လိုက်ကာ လက်ပေါ်က လက်ပတ်ကိုကြည့်နေရင်း လက်ကောက်ဝတ်နားကနေ အပေါ်ဘက်ဆီ နည်းနည်းလေးရှေ့တိုးပစ်လိုက်သည်။
ပေါ်လာသည့်လက်ကောက်ဝတ်သားဖြူဖြူက ဝေ့ရွှင်း သူ့လက်ကို အညိုအမဲရာအကွင်းကြီးထအောင် ဖြစ်ညှစ်ခဲ့သည့်နေရာဖြစ်သည်။ တပတ်လောက်နေတော့ ဒဏ်ရာကပျောက်သွားပြီဆိုသော်ငြား ထိုနေရာကိုမြင်လျှင် ထိုနေ့ကအဖြစ်အပျက်တွေ ခေါင်းထဲဝင်လာမှာစိုးတာကြောင့် လက်ပတ်ဝတ်ပြီး မေ့ထားခဲ့ခြင်းဖြစ်လေသည်။ ထို့ကြောင့် ထိုနေ့ကကိစ္စတွေက မဖြစ်ပျက်ခဲ့သလိုမျိုးပဲ လက်ပတ်ကိုအမြဲဝတ်ထားမိခဲ့သည်။
ဝေ့လန်က လက်ပတ်အကြောင်းလာမေးသမျှလူတိုင်းကို '' အခုတလော ဘတ်စကတ်ဘောဆော့နေလို့ '' ဟု ပြန်ဖြေခဲ့ပေမဲ့လည်း တကယ်တမ်းကြ ဝေ့ရွှင်းစိတ်ဆိုးတကြီးချန်ရစ်ခဲ့သည့် အမှတ်အသားတစ်ခုကို မမြင်ချင်သည့်စိတ်ဖြင့်ဖုံးကွယ်ထားမှန်း သူကိုယ်တိုင်သာသိသည်။ သူဟာ အမှန်တရားဆီကနေ ထွက်ပြေးလာခဲ့သည်။ အမှန်တရားဆိုသည့်အရာကိုလည်းရင်မဆိုင်ချင်သလို၊ တွေးလည်းမတွေးချင်ခဲ့ပါ။
ဝေ့လန်သက်ပြင်းချလိုက်ကာ သူ့လက်ပေါ်က လက်ပတ်ကိုဆွဲချွတ်ပစ်လိုက်သည်။ ထို့နောက် သူ မီးဖိုချောင်ဘက်ပြန်လှည့်ကြည့်လိုက်ပြီး ဒါကမလိုအပ်တော့ပါဘူးဟု တွေးမိလေသည်။ သူ ဝေ့ရွှင်းကိုခွင့်လွှတ်ပေးဖို့ ဆုံးဖြတ်ထားပြီးသားဖြစ်တာကြောင့် ဒီလိုကိစ္စမျိုးနဲ့ တဖက်လူမပျော်မရွှင်ဖြစ်အောင် မလုပ်ချင်ပေ။ ဝေ့ရွှင်း သူ့လက်ပေါ်က လက်ပတ်ကိုကြည့်ပြီး ချီတုံချတုံဖြင့်တခုခုပြောချင်နေမှန်း သူသတိထားမိသည်။ ဝေ့ရွှင်းဆီကနေ အဲ့ဒါကိုချွတ်လိုက်လို့ ပြောလာမည်ဟု ထင်မှတ်ထားသော်ငြား ထို့အစား တဖက်လူက ဘာမှမပြောလာပဲ မပွင့်မလင်းအမူအရာဖြင့် သူ့ကိုအပြင်မောင်းထုတ်လိုက်သည်။
YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||
Fanfictionဖန် ထွမ်စလေးရှင်း ဝေ့ဝေ့