Chapter 49

4.2K 793 43
                                    

Unicode

ဝေ့လန် နာမည်ကြီးနေပြီ
______________________________

ညနေလေးနာရီလောက်မှာတော့ ဝေ့လန် ကျောပိုးအိတ်ကောက်လွယ်ကာ အိမ်ပြန်ဖို့ပြင်တော့သည်။ ဘာလို့အဲ့အချိန်မှပြန်ရသလဲဆို ဒီနေ့ဝေ့ရွှင်းကိုလာကြိုဖို့ မချိန်းထားတာကြောင့် ဝေ့လန် ကျောင်းဝင်းထဲ ဟိုဟိုဒီဒီလျှောက်သွားနေခဲ့ပြီး ပျင်းလာမှ အိမ်ပြန်ဖို့ပြင်လိုက်သောကြောင့်ပင်။ သို့သော် သူကျောင်းဝင်းထဲကထွက်လာပြီး နှစ်လှမ်းပြည့်အောင်မလျှောက်ရသေးခင် တစ်စုံတစ်ယောက်ရဲ့တားခြင်းကိုခံလိုက်ရလေသည်။

'' ကျောင်းသားလေး ကျောင်းသားလေး ခဏနေပါဦး ''

ဝေ့လန်ပြန်လှည့်ကြည့်လိုက်ချိန် သတ်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်ကိုမြင်လိုက်ရပြီး တဖက်လူက သူ့ကိုတွေ့လို့ အရမ်းပျော်ရွှင်သလိုမျိုးပြုံးပြနေခဲ့ကာ ရင်ဘတ်အိတ်ကပ်ထဲကနေ လိပ်စာကဒ်လေးထုတ်လာပြီး သူ့ကိုပေးသည်။

'' ဦးက ရှင်းဟွေ့ Entertainment ကုမ္ပဏီက မန်နေဂျာတစ်ယောက်ပါ လိုင်းပေါ်မှာပြန့်နေတဲ့ မင်းဆိုထားတဲ့ဗီဒီယိုကိုကြည့်ပြီး မင်းကအလားအလာရှိတယ်လို့ခံစားမိလို့ ကျောင်းသားလေး အနုပညာလောကထဲဝင်ဖို့ဆန္ဒများရှိသလားလို့ လာမေးတာပါ ''

ဝေ့လန်ကလည်း နှစ်ခါပြန်တောင်မစဥ်းစားပဲ

'' မရှိဘူး ''

'' ကျောင်းသားလေး နောက်တစ်ခေါက် ပြန်စဥ်းစားပါဦး အဲ့လောက်ခပ်မြန်မြန်ကြီး ငြင်းစရာမလိုဘူးလေ နာမည်ကြီးအနုပညာရှင်တစ်ယောက်မဖြစ်လာချင်ဘူးလား လက်ဖျောက်တစ်ချက်တီးလိုက်ရုံနဲ့ Fanတွေအများကြီးက မင်းနောက်လိုက်လာကြမှာနော် ပြီးရင် သာမန်လူတစ်ယောက် သူ့တစ်ဘဝစာလုံးမရှာနိုင်တဲ့ပိုက်ဆံပမာဏကိုလည်း ခဏလေးအတွင်းရှာနိုင်မှာ မမိုက်ဘူးလား ''

ဝေ့လန်က သူ့ကိုပြန်မေးလာသည်။

'' ကျွန်တော့်ပုံစံက အဲ့လောက်ပိုက်ဆံပြတ်လပ်နေတဲ့ပုံပေါက်လို့လား ''

'' ပိုက်ဆံဆိုတဲ့အရာက ဘယ်တုန်းကရှာလို့လောက်တယ်ရှိဖူးလို့လဲ ဟုတ်တယ်မလား '' ထိုလူက ရယ်ရယ်မောမောပြောလာသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||Where stories live. Discover now