Unicode
'' ကိုယ့်ကိုခွင့်လွှတ်ပေးပါ ရှောင်လန် ''
________________________________ကလေးက အငိုမရပ်တာကိုမြင်တော့ ဝေ့ရွှင်း ကလေးကိုမချီလိုက်ပြီး ဆိုဖာပေါ်ထိုင်ချလိုက်ကာ ကလေးကိုသူ့ပေါင်ပေါ်ထိုင်စေရင်း ညင်ညင်သာသာလေးဖက်ထားလေသည်။ ပါးစပ်ကလည်း တောင်းပန်ပါတယ် ကိုယ့်အမှားပါ ဆိုသည့်စကားများကို တတွတ်တွတ်ရွတ်လျက်။
ဝေ့လန် တဖက်လူရဲ့ ထပ်တလဲလဲတောင်းပန်စကားများကိုနားထောင်နေရင်း တဖက်မှာလည်းမုန်းမိသလို တဖက်မှာလည်း စိတ်မပျော့ပဲမနေနိုင်ခဲ့။
ဝေ့ရွှင်းက သူ့ကိုဖက်ထားပြီး နဖူးလေးကိုအနမ်းပေးကာ
'' တောင်းပန်ပါတယ် ရှောင်လန် ကိုယ့်ကိုခွင့်လွှတ်ပေးပါနော် '' ဟု ပြောရင်း နဖူးလေးကို တဖွဖွနမ်းနေလေသည်။
ဝေ့လန် သူ့ကိုခေါင်းမော့ကြည့်လာခဲ့သည်။ ငိုထားသည့်အရှိန်ကြောင့် မျက်လုံးအိမ်များကပါနီရဲနေကာ မျက်လုံးထဲတွင်လည်း မျက်ရည်များပြည့်လျှံနေပြီး မတရားခံခဲ့ရမှုများနှင့် ခံပြင်းမှုများက မျက်လုံးထဲတွင် အတိုင်းသားပေါ်နေလေသည်။ ဝေ့ရွှင်းလည်း ကလေးငိုနေတာကိုကြည့်ရင်း နှလုံးတွေပါအောင့်တက်လာတာကြောင့် သူ မနေနိုင်စွာပဲ မျက်ရည်တွေကို ဖွဖွလေးသုတ်ပေးနေကာ ပါးစပ်ကလည်း ချော့မြူဖို့မမေ့
'' မငိုပါနဲ့ ရှောင်လန် မငိုပါနဲ့ အစကတည်းက ကိုယ့်အမှားတွေပါ မငိုပါနဲ့တော့ ''
'' ကျိန်းသေပေါက် ခင်ဗျားအမှားပေါ့! '' ဝေ့လန်က ဒေါသတကြီးအော်ပြောလာသည်။ သို့သော်လည်း သူ့အသံက ငိုသံစွက်နေတာကြောင့် ဘယ်လောက်ပဲဒေါကြီးမောကြီးပြောပါစေ ချစ်ဖို့ကောင်းနေဆဲပင်။ '' ခင်ဗျားပဲ ကျွန်တော့်ကိုမောင်းထုတ်ခဲ့တာလေ အဲ့တုန်းက ဘာလို့လဲလို့မေးခဲ့သားပဲ ခင်ဗျားမကြိုက်တာရှိရင်လည်း ကျွန်တော်ပြင်ပါ့မယ် ဘာလို့အကြောင်းအရင်းမရှိနှင်ထုတ်ရတာလဲမေးပြီး ဒီအိမ်ကနေထွက်မသွားချင်လို့ ခင်ဗျားလက်ကိုအတင်းမဆွဲထားခဲ့ဘူးလား ဒါပေမဲ့ခင်ဗျားကရော နောက်ဆုံးကျ ထွက်သွားခိုင်းခဲ့တာပဲမလား အတင်းအကြပ်ကြီးလေ အဲ့ဒါကိုများ ခင်ဗျားက ဘာကိစ္စနဲ့ ကျွန်တော့်ကိုနှလုံးသားမရှိဘူးလို့ပြောတာလဲ အစကနေအဆုံးထိ ကျွန်တော်ပဲ လက်ဆောင်တွေတစ်ခုမဟုတ်တစ်ခုပေးခဲ့ရတာပါ ကျွန်တော်ပဲ ခင်ဗျားနဲ့ နီးစပ်ချင်လွန်းလို့ အမြဲလာ,လာနေရတာပါ ခင်ဗျားကရော? ဒီပတ်သတ်မှုမှာ ခင်ဗျားဘာတွေအားထုတ်ခဲ့ဖူးလို့လဲ ငါ့အိမ်ကိုထပ်မလာနဲ့၊ ငါ့ကိုထပ်လာမရှာနဲ့ ပြောပြီး အတင်းနှင်ထုတ်ခဲ့တယ်မလား ခင်ဗျားက အဲ့ပုံစံဖြစ်နေမှတော့ ကျွန်တော့်ကိုဘာလုပ်စေချင်သေးတာလဲ ကျွန်တော့်ကိုကျ နှလုံးသားမဲ့သလေး ဘာသလေးနဲ့ ခင်ဗျားကိုယ်တိုင်ကရော နှလုံးသားရှိလို့လား! ''
YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||
Fanfictionဖန် ထွမ်စလေးရှင်း ဝေ့ဝေ့