Unicode
မွှေးမွှေးပေးပါ
________________________________စားပွဲထိုးက မှာလိုက်သည့် အအေးတွေ၊ဘီယာတွေကို ခပ်သွက်သွက်လေးလာချပေးတာကြောင့် ဝေ့လန် စိတ်ဝင်စားမှုအပြည့်ဖြင့် ဂိမ်းစဆော့လိုက်သည်။ သူက စားပွဲအနားပတ်ထိုင်နေသည့် တခြားလူတွေကိုကြည့်ပြီး
'' ဘယ်သူအရင်စမလဲ ''
လင်ရှီးကျယ်က အပြုံးလေးဖြင့်
'' မင်းလေ မင်းက ငါတို့ထဲမှာအငယ်ဆုံးဆိုတော့ မင်းအရင်စ ''
ဝေ့လန်လည်း ငြင်းမနေတော့ပဲ ဘုတ်ပြားကိုလှည့်လိုက်တော့ မြှားတံက ' တစ်ခွက်သောက်' ဆိုသည့်စာသားကိုညွှန်ပြနေတာကြောင့် အအေးတစ်ခွက်ထည့်ပြီး မော့ချလိုက်သည်။
'' နောက်တစ်ယောက် ''
ဝေ့ရွှင်းလည်း ကလေးစိတ်တိုင်းကျ လိုက်ဆော့ပေးချင်တာကြောင့် လက်ကိုဆန့်ထုတ်ပြီး ဘုတ်ပြားကိုလှည့်လိုက်ချိန် ' Pass 'ကိုသွားကျသည်။ သူ့ဘေးနားထိုင်နေတဲ့လူမှာ ကျန်းရှန့်ဖြစ်တာကြောင့် ကျန်းရှန့်လည်းမတတ်သာသည့်အဆုံး ဂိမ်းထဲဝင်ပါရတော့သည်။ သူ ဘုတ်ပြားကိုလှည့်လိုက်ချိန် မြှားတံက 'ခွက်တစ်ဝက်' ကိုညွှန်ပြနေတာကြောင့် ဖန်ခွက်တစ်ခွက်ကိုလှမ်းယူပြီး ဘီယာတစ်ဝက်ထည့်ကာသောက်လိုက်သည်။
လင်ရှီးကျယ်အလှည့်ကျ ' Cheer! 'ကို ကျတာကြောင့် အားလုံးက သူနဲ့အတူတူတစ်ခွက်လိုက်သောက်ပေးရလေသည်။ လီကျီရွှမ်းကတော့ မြှားက 'နောက်တခွက်'ကိုပြနေတဲ့အတွက် တစ်ခွက်သောက်ပြီး နောက်တခွက်ထပ်သောက်ရသည်။
ဝေ့လန်လည်း သူတို့အားလုံး အရက်ခွက်ကိုယ်စီ,ကိုယ်စီကိုင်ရင်း သောက်နေကြတာကိုမြင်တော့ သူလည်း ဒီလိုဘီယာမျိုး တစ်ခါမှမမြည်းစမ်းဖူးတာကြောင့် အနည်းငယ်စမ်းကြည့်ချင်လာသဖြင့် ဝေ့ရွှင်းအနား မသိမသာလေးကပ်သွားပြီး
'' ကျွန်တော် တစ်ခွက်လောက်သောက်လို့ရမလား ''
'' မရဘူး ''
ဝေ့လန်က လက်ညှိုးပေါ်လက်မလေးထောက်ပြီး
'' ပိစိလေးပဲသောက်မှာ အရသာမြည်းကြည့်ရုံပဲလေ ဒီလောက်ကလေးပဲ ''
YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||
Fanfictionဖန် ထွမ်စလေးရှင်း ဝေ့ဝေ့