Chapter 46

4.3K 819 15
                                    

Unicode

တကယ့်ကိုဘိုးဘေးလေး
_________________________________

ယွီလင်လည်း တစ်ခဏလောက်ကြောင်အနေပြီးကာမှ တဖက်က သူမလက်ထဲက ဂွမ်းစနဲ့မိတ်ကပ်ဖျက်တဲ့အရည်ဘူးကိုကြည့်နေသည်အားမြင်လိုက်ရသည်။ ထိုအခါမှပဲ ဘာကိုဆိုလိုချင်မှန်းနားလည်သွားသဖြင့် '' သြော '' ဟု ရေရွတ်ရင်း လက်ထဲကနှစ်ခုအား ဝေ့ရွှင်းဘက်ကမ်းပေးလိုက်လေသည်။ ဝေ့ရွှင်းက ကျေးဇူးတင်လိုက်ပြီး ယွီလင်ကတော့ တဖက်လူက သူမရဲ့မိတ်ကပ်ဖျက်တဲ့အရည်နဲ့ ဘာလုပ်ဖို့ကြံနေမှန်းနားမလည်တာကြောင့် ရပ်ကြည့်နေလိုက်သည်။ သို့သော်သူမမြင်လိုက်ရသည်က ဝေ့ရွှင်းတစ်ယောက် လက်ကိုမြှောက်ပြီး မိတ်ကပ်ဖျက်ဆေးအရည်ထည့်ထားသည့်ဂွမ်းစဖြင့် ဝေ့လန်ရဲမျက်ခုံးကိုပွတ်သုတ်ပေးနေခဲ့သည်။

ဝေ့လန်လည်း ဝေ့ရွှင်းကိုကြည့်ပြီး အံ့တွေသြနေခဲ့ကာ

'' ကောက ဒါလည်းသုံးတတ်တယ်လား ''

'' ဒီတိုင်းပွတ်ပြီးဖျက်လိုက်တာကို ဘာတွေခက်ခဲနေလို့လဲ '' ဝေ့ရွှင်း သူ့ရဲ့မျက်ခုံးတစ်ဖက်ပေါ်က မျက်ခုံးမွေးဆွဲတံရဲ့အရောင်တွေကို ပွတ်ပြီးဖျက်လိုက်သည်။ ထို့နောက် နောက်ထပ်ဂွမ်းစတစ်ခုကိုချောချောမွေ့မွေ့လှမ်းယူလိုက်ကာ ထိုထဲ မိတ်ကပ်ဖျက်ဆေးအရည်လောင်းချပြီး နောက်တစ်ဖက်ကိုပါ အပီအပြင်ဖျက်ပေးနေသည်။

ယွီလင်ကတော့ သူတို့ဘေးနားရပ်နေရတာ ကိုယ့်ကိုယ်ကိုအပိုမီးလုံးလေးသဖွယ်ခံစားလာရတာကြောင့် တိတ်တိတ်ကလေးနောက်ပြန်ဆုတ်လိုက်ပြီး ဝေ့ရွှင်း ဝေ့လန်ရဲ့မျက်ခုံးနှစ်ဖက်ကို စိတ်ရှည်လက်ရှည် ပြောင်စင်အောင်ပွတ်ဖျက်ပေးနေသည်အား ရပ်ကြည့်နေမိသည်။ သူမတွေးထင်ထားသည်မှာ ဝေ့လန်ရဲ့အစ်ကိုက ပိုင်စိုးပိုင်နင်းနိုင်ပြီး ဝေ့လန်ကိုထိန်းချုပ်ရသည်အား ကြိုက်သည်ဟုပင်။ သို့သော် အခုမျက်မြင်ကိုယ်တွေ့,တွေ့ရမှပဲ တစ်ယောက်ကလည်းထိန်းချုပ်ရတာကိုကြိုက်ပြီး နောက်တစ်ယောက်ကလည်း ထိန်းချုပ်ခံရတာကိုပျော်မွေ့နေသည်ဟုပင်။ သူမတို့မောင်နှမလည်းဘယ်လောက်ချစ်ကြပါစေ သူမအစ်ကိုက သူမကိုမိတ်ကပ်တစ်ခါမှကူမဖျက်ပေးဖူးပါ။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||Where stories live. Discover now