Unicode
ဝေ့ရှီးနဲ့ ဝေ့ယဲ့ချန် လက်ထပ်ဖို့ ပြင်ဆင်ကြပြီ
________________________________နွေရာသီ၊ ဝေ့လန် အထက်တန်းပြီးလို့ တက္ကသိုလ်ဝင်ခွင့်ဖြေထားတဲ့ အသက်၁၇နှစ်မှာ သူတို့မိသားစုထဲ ရိုက်ခတ်မှုကြီးတစ်ခု ဖြစ်သွားခဲ့သည်။ ထိုအရာမှာ ဝေ့ရှီးနဲ့ ဝေ့ယဲ့ချန် လက်ထပ်ကြတော့မည် ဆိုသည့်သတင်းဖြစ်သည်။
ဝေ့ရှီး ဝေ့လန်ကို ထိုအကြောင်းပြောပြသည့်အချိန်က သူတို့နှစ်ယောက် ညစာစားနေသည့်အချိန်ဖြစ်ပြီး ဝေ့ရှီးက ပုစွန်အခွံနွှာနေရင်း ဒီနေ့နေသာတယ်နော်ဟု ပြောသလိုမျိုး သူနဲ့ဝေ့ယဲ့ချန်လက်ထပ်တော့မည့်အကြောင်းကို အေးအေးလူလူပဲပြောချလာခဲ့သည်။ ဝေ့လန်မှာတော့ အံ့သြလွန်းလို့ နေရာမှာတင်ကြောင်အနေခဲ့ပြီး ဝေ့ရှီးက သူမသားရဲ့ထိုပုံစံကိုမြင်တော့ မဖြစ်စဖူး စိတ်ပူပန်လာကာ ပျော့ပျောင်းညင်သာသည့်လေသံလေးဖြင့်
'' သား သဘောတူလား ''
ဝေ့ရှီးနဲ့ ဝေ့ယဲ့ချန်တို့ တိတ်တိတ်လေးခိုးတွဲနေကြတာ ကြာနေပြီမှန်း ဝေ့လန်သိပြီးသားဖြစ်သည်။ ဘာကြောင့်သိသလဲဆို ဝေ့ယဲ့ချန်က သူ့သားအပေါ်ဘယ်အရာမှမဖုံးကွယ်ထားနိုင်သလို သူ့သားကလည်း သူ့အပေါ် ဘယ်အရာမှမဖုံးကွယ်ထားနိုင်ပေ။ သူ ဝေ့ရွှင်းဆီကနေ စစကြားချင်းတုန်းကဆို အချိန်အကြာကြီးဆွံ့အနေခဲ့ပြီး အူကြောင်ကြောင်မျက်နှာလေးဖြင့် ဝေ့ရွှင်းနဲ့သူ့ကိုယ်သူလက်ညှိုးတစ်လှည့်စီထိုးပြကာ
'' ခင်ဗျားအဖေနဲ့ ကျွန်တော့်အမေ? ''
ဝေ့ရွှင်းက ခေါင်းငြိမ့်ပြလာသည်။
ဝေ့ရွှင်းမှာ အရမ်းကိုမှတည်ငြိမ်နေပြီး တဖက်လူမှာ သူ့အဖေအရင်းမဟုတ်သလိုမျိုး အေးအေးလူလူ စာရွက်စာတမ်းတွေ ဖတ်နေတာကိုမြင်တော့ ဝေ့လန်မှာ ပိုပြီးပြောစရာမဲ့သွားရသည်။
'' ကောကော တစ်စက်ကလေးတောင်ရှော့ခ်မရဘူးလား ''
ဝေ့ရွှင်းက မျက်ခုံးတစ်ဖက်ပင့်တင်ရင်း
'' ရှော့ခ်ရဖို့တန်လို့လား ''
'' အဲ့ဒါမှမတန်ရင်? '' ဝေ့လန်ကတော့ တဖက်လူက အရမ်းကိုမှအေးဆေးလွန်းသည်ဟု တွေးမိသွားလေသည်။ '' ကျွန်တော့်အမေနဲ့ ခင်ဗျားအဖေသာတကယ်တွဲကြရင် တော်တော်များများကအာရုံစိုက်ကြတော့မှာပဲ '' ထိုစဥ်မှာတင် ဝေ့လန်ခေါင်းထဲ ဝင်လာသည့်အတွေးတစ်ခုက '' နေဦး နေဦး တကယ်လို့ ကျွန်တော့်အမေနဲ့ခင်ဗျားအဖေသာ လက်ထပ်လိုက်ကြရင် ကျွန်တော်တို့က တကယ့်ညီအစ်ကိုရင်းတွေဖြစ်သွားကြပြီမလား မိသားစုတွေလေ ''
YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||
Fanfictionဖန် ထွမ်စလေးရှင်း ဝေ့ဝေ့