Chapter 22

4.6K 812 20
                                    

Unicode

သူ ဝေ့လန်ကို ကြိုပြီး အတူတူအိမ်ပြန်ချင်ခဲ့တာ
_______________________________

ယွီလင်က ဝေ့ရွှင်းကို တခါတလေ လှမ်း,လှမ်းခိုးကြည့်ပြီး လူမိမှာကြောက်သလိုမျိုး ခေါင်းပြန်ငုံ့သွားကာ စကားလည်းဝင်မပြောရဲသလို အစားကိုလည်း တိတ်တိတ်ဆိတ်ဆိတ်ကလေး ထိုင်စားနေခဲ့သည်။

ကျန်းရှန့်နဲ့ လီကျီရွှမ်းကတော့ နေ့လည်စာတွေဝယ်ပြီးပြန်ရောက်လာကာ

'' ဒီဘက်ခြမ်းမှာ ထမင်းမစားရတာတောင်ကြာပြီကွာ အရင်လို ငါတို့စားနေကျအရသာပဲလားမသိဘူး ''

ဝေ့လန် သူတို့ယူလာတာတွေကို တစ်ချက်လှမ်းရှိုးလိုက်တော့ ဆန်ခေါက်ဆွဲလေးပန်းကန်မြင်လိုက်ရတာကြောင့်

'' ကောကောတို့အားလုံး ဆန်ခေါက်ဆွဲပဲစားကြမှာလား ''

'' မင်း ဒါတွေ နားမလည်သေးပါဘူးကွာ '' ကျန်းရှန်းက လုံးဝကိုမှ သဘာရင့်ဝါရင့်လေသံဖြင့် '' ဒီကန်တင်းတစ်ခုလုံးမှာ အရသာအရှိဆုံးအစားအစာက ဒီမာလာဆန်ခေါက်ဆွဲပဲ ငါတို့အလယ်တန်းတုန်းကဆို တစ်ပတ်၅ရက်မှာ ၃ရက်လောက်ကတော့ ဒါမစားရရင်ကိုမနေနိုင်တာ လာမြည်းကြည့်ကြည့် '' သူ ကပြောလည်းပြော လက်ကလည်းတူကောက်ကိုင်ပြီး ခေါက်ဆွဲအချို့ညှပ်ကာ ဝေ့လန်ပန်းကန်ထဲထည့်ပေးဖို့ပြင်လိုက်သည်။

သို့သော် လက်မမြှောက်ရသေးခင်မှာတင် မျက်လုံးထော​င့်ကနေ ဝေ့ရွှင်း သူ့ကို မျက်နှာတည်ကြီးဖြင့်လှမ်းကြည့်နေတာကို မြင်လိုက်ရတာကြောင့် ကျန်းရှန့် ဆန့်ထုတ်တော့မည့်လက်ကို ချက်ချင်း ပြန်ရုတ်လိုက်ကာ

'' မင်းကောကောဆီကပဲ မြည်းကြည့်လိုက်ပါကွာ ''

ဝေ့လန်လည်း ဒီအစ်ကိုတွေက တကယ်ခင်ချင်စရာကောင်းသည်ဟု တွေးမိတာကြောင့် ရယ်ရယ်မောမောဖြင့် ဝေ့ရွှင်းဘက်လှမ်းကြည့်လိုက်သည်။ ဝေ့ရွှင်းလည်း ခေါက်ဆွဲဖက်တွေကိုတူနဲ့ညှပ်ပြီး ဝေ့လန်ပန်းကန်ထဲထည့်ဖို့ပြင်လိုက်စဥ် ဝေ့လန်က သူ့ပန်းကန်ထဲကနေပြန်စားရတာက အလုပ်ရှုပ်သည်ဟုခံစားရတာကြောင့် တူကနေပဲတိုက်ရိုက်ငုံ့စားလိုက်သည်။ သူစားလို့ပြီးတာနဲ့ ပန်းကန်ထဲကနေပါ အရည်တစ်ဇွန်းခပ်သောက်လိုက်ပြီး

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||Where stories live. Discover now