Unicode
အဲ့ဒါကြောင့် ကိုယ်အခု မင်းကိုလာရှာပြီး ချစ်ကျွမ်းဝင်တော့မလို့လေ
________________________________ကျန်းချန်ကတော့ သူသေပြီဟုတွေးနေမိနေသည်။
'' အနုပညာလောကထဲကလူလား ''
'' မဟုတ်ဘူး ''
သူ့ခင်ဗျာ တော်သေးတာပေါ့ ဆိုပြီး သက်ပြင်းပြန်ချလိုက်ရသည်။ အနုပညာလောကထဲကလူသာဆို ဝေ့ရွှင်းရဲ့ဒေါသကြောင့် သူ့စားအိုးကွဲတော့မှာဖြစ်သည်။
ဒါပေမဲ့ '' လန်အာ မင်းပြန်စဥ်းစားသုံးသပ်ပါဦး '' သူ အတတ်နိုင်ဆုံးဖျောင်းဖျနေခဲ့သည်။ '' အချစ်ရေးအချစ်ရာဆိုတာ လောစရာမလိုပါဘူး မင်းငယ်ပါသေးတယ် ''
'' ငါ 25နှစ်ရှိနေပြီ ယန်းချင်းချီ ဒီအရွယ်မှာဆို ကလေးတစ်ယောက်စီနဲ့ မအားမလပ်ရုန်းကန်နေရတာ ငါ့မှာကျ ရည်းစားလေးတောင်မရှိသေးဘူး ဒါကိုငယ်သေးတယ်ဆိုတော့ ဘာလဲ ငါကသက်ကြီးလူပုလား ''
'' ငါက အဲ့လိုအဓိပ္ပါယ်နဲ့ပြောတာမဟုတ်ပါဘူး ငါပြောချင်တာက ဒီနေ့ခေတ်မိန်းကလေးတွေက အမ်း ဘယ်လိုပြောရမလဲ သူတို့ကသိပ်အားမကိုးရဘူးလေ မင်းကရုပ်ချောတဲ့Idolတစ်ယောက် မင်းရဲ့ငယ်ရွယ်နုပျိုမှုနဲ့ မင်းရဲ့ဂုဏ်ရှိန်ကိုသဘောကျပေမဲ့ ဟော နောက်ထပ်အချောလေးအလှလေးပေါ်လာရင် ကိုင်းကူးသွားမှာပဲ မင်းနဲ့ဘယ်သူမှ အဆုံးထိအဖော်ပြုပေးချင်ကြမှာမဟုတ်ဘူးလို့ပြောတာပါ ''
'' ငါကြိုက်နေတာက ကောင်မလေးလို့ မင်းကိုဘယ်သူပြောလဲ ''
ကျန်းချန်ခင်ဗျာ တစ်ခဏလောက်ဆွံ့အသွားခဲ့ရပြီး သူ့ရင်ထဲ ဒေါသတွေ၊မယုံကြည်နိုင်မှုတွေပြည့်လျှံလာကာ
'' ချီး ဘယ်ခွေးသားက မင်းကိုကွေးအောင်လုပ်လိုက်တာလဲ ဒီအနုပညာလောကကတကယ့်အရှုပ်တော်ပုံကြီးသိရဲ့လား မင်းကိုပိုးပန်းချင်တဲ့ ရုပ်ရှင်မင်းသားတွေကလည်းအားကြီးပဲ ဒါပေမဲ့ငါနဲ့လင်ရှီးကျယ်က အားလုံးကို လိုက်ပိတ်ဆို့ထားရတာ အခုတော့ကောင်းရော ငါကရှေ့မှာတိုက်ပွဲဝင်နေချိန် မင်းက နောက်ပေါက်ကနေ အခိုးခံလိုက်ရပြီ ဘယ်ကောင်လဲ မင်းကရောဘာလို့သဘောတူလိုက်ရတာလဲ! ''
YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||
Fanfictionဖန် ထွမ်စလေးရှင်း ဝေ့ဝေ့