Chapter 25

3.9K 735 24
                                    

Unicode

ဝေ့လန် ငိုသွားပြီ
_____________________________

ဝေ့လန် လှေကားတစ်ထစ်ချင်း ဆင်းသွားတာကို လိုက်ကြည့်နေရင်း ဝေ့ရွှင်း မသိစိတ်ကနေ သူတို့ပထမဦးဆုံးအကြိမ်ရန်ဖြစ်ဖူးခဲ့တာကို အလိုလိုတွေးမိသွားလေသည်။ ထိုအချိန်တုန်းက ဝေ့လန်တစ်ယောက် သူပေးထားတဲ့အရုပ်တွေကို ဝေ့ရွှင်းလွှတ်ပစ်လိုက်ပြီအထင်နဲ့ စိတ်ဆိုးသွားတာကြောင့် အခုလိုပဲ လှေကားကနေအတင်းပြေးဆင်းကာ သူ့အိမ်သူပြန်ဖို့လုပ်ခဲ့သည်။ သူနောက်ကပြေးလိုက်ခဲ့ပေမဲ့လည်း ဝေ့လန်က သူ့ကိုမော့ကြည့်လာပြီး ခေါင်းမာသည့်မျက်နှာပေးလေးဖြင့် သူပြောချင်တာလေးတွေကို စက်သေနတ်ပစ်လွှတ်သလိုမျိုး တတွတ်တွတ်ပြောတော့သည်။ ထိုအချိန်တုန်းကတော့ သူ ဝေ့လန်ကိုပြန်ချော့ပြီး နှစ်ယောက်သားပြန်ပြေလည်သွားကြသည့်အဖြစ်ဟာ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်ဖြစ်လာမယ်မှန်း မထင်ထားခဲ့ပေ။ အခုတော့ ဝေ့လန်နဲ့အဆုံးသတ်ပစ်ဖို့ ရွေးချယ်လိုက်လေသည်။

ဝေ့ရွှင်းတိတ်တိတ်ကလေး သက်ပြင်းခိုးချလိုက်စဥ် ဝေ့လန်က လျှောက်နေရင်း တန့်ကနဲရပ်သွားသည်။ ဝေ့လန်တစ်ခဏလောက်ငြိမ်သက်သွားကာ သူ့ဘက်နောက်ဆုံးအကြိမ်အဖြစ် ပြန်လှည့်ကြည့်လာသလိုမျိုး မျက်နှာမှာလည်း မျက်ရည်စီးကြောင်းများနှင့် မျက်လုံးထဲတွင်လည်း မျက်ရည်များကျန်ရှိနေသေးသည်။ သို့သော်ငြား သူ့အသံမှာ တည်တည်ငြိမ်ငြိမ်

'' အရင်က ငါ ငိုတာကို မြင်ဖူးချင်ခဲ့တာမလား အခု မြင်ရပြီပေါ့ ''

ထိုသို့ပြောအပြီး ရှေ့ကိုပြန်လှည့်သွားကာ မျက်ရည်များကို လက်ဖြင့်ပွတ်သုတ်ရင်း တိတ်တိတ်ဆိတ်ဆိတ်ကလေး အောက်ကိုပြန်ဆင်းသွားလေသည်။ အိမ်အပေါက်ဝနားရောက်တာနဲ့ ဖိနပ်လဲစီးလိုက်ကာ တံခါးမကြီးကိုဆွဲဖွင့်၍ ဝေ့ရွှင်းအိမ်ကနေ အပြီးအပိုင်ထွက်သွားခဲ့ပြီဖြစ်သည်။

တံခါးပိတ်သွားသံမကြားခင်အထိ ဝေ့ရွှင်းတစ်ယောက် ထိုနေရာမှာပဲ တုံ့ခဲနေခဲ့သည်။ သူ့ခေါင်းထဲမှာလည်း ဝေ့လန် နောက်ဆုံးပြောသွားသည့် စကားများသာ တဝဲလည်လည်ကျန်ရစ်နေခဲ့သည်။ သူမှတ်မိသေးသည်။ ထိုနေ့က ဝေ့လန် သူ့ခြေထောက်ကိုဆေးပေးချင်တယ်အတင်းလုပ်နေလို့ သူငြင်းလိုက်ကာ ကလေးကိုရေချိုးပေးခဲ့သည်။ သူ ဝေ့လန်ရဲ့ခန္ဓာကိုယ်ပေါ်က ရေတွေကိုပြောင်အောင်သုတ်ပေးပြီး ရေချိုးခန်းထဲကနေ ထုတ်လာစဥ် ရင်ခွင်ထဲကကောင်လေးမှာ သဘောတကျပြုံးရယ်နေတာကိုမြင်လိုက်ရတာကြောင့်

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||Where stories live. Discover now