Chapter 67

4.8K 798 61
                                    

Unicode

နောက်ဆုံးပိုင်း (1)
_______________________________

ဝေ့လန် တစ်နေ့လုံး ဝေ့မင်ကိုအဖော်ပြုပေးခဲ့သည်။ သူတို့မြေးအဖိုးနှစ်ယောက် အပင်စိုက်လိုက်၊ လက်ရေးကျင့်လိုက် ရေနွေးသောက်လိုက်၊ စကားပြောလိုက်ဖြင့် ပျော်ရွှင်နေခဲ့ကြသည်။ ဝေ့မင်တစ်ယောက် ဝေ့လန်ငယ်ငယ်တုန်းက အကြောင်းတွေကို ပြန်ပြောပြလာခဲ့သည်။ တစ်ချို့ဟာတွေကို သူမှတ်မိသေးပေမဲ့လည်း တစ်ချို့ဟာတွေကျ သူ မမှတ်မိတော့ပါ။ သူ ဂရုတစိုက်နားထောင်နေရင်း ဝေ့မင် ပက်လက်ကုလားထိုင်ပေါ် တဖြည်းဖြည်းချင်းအိပ်ပျော်သွားတာကိုကြည့်နေမိသည်။

ဝေ့လန် သူ့အဖိုးသူကြည့်ပြီး ရုတ်တရက်ကြီးဝမ်းနည်းလာခဲ့သည်။ သူငယ်ငယ်တုန်းက ဝေ့မင်ဟာ ဆံပင်တွေနက်နေဆဲပင်။ တခြားလူတွေပါးစပ်ထဲမှာပြောနေကြသည့် သူ့အဖိုးရဲ့သတင်းတွေ၊ အတင်းအဖျင်းတွေကိုနားထောင်ရင်း သူ့အဖိုးက တစ်ကမ္ဘာလုံးမှာ အသန်မာဆုံးလူ အားအကြီးဆုံးလူပဲဟု ဂုဏ်ယူခဲ့လေသည်။ အခုတော့ သူ့အဖိုးရဲ့ဆံပင်တွေက အဖြူရောင်ပြောင်းနေပြီဖြစ်သည်။ သူ့ရဲ့လုပ်ပိုင်ခွင့်တွေ အားလုံးကိုလည်း ဝေ့ရှီးနဲ့ဝေ့ရွှင်းလက်ထဲ လွှဲပြောင်းပေးထားသည်။ အကြောင်းကိစ္စတွေက မိုးပြိုစေလောက်တဲ့အထိ အရေးမကြီးနေသရွေ့ ဆုံးဖြတ်ချက်ချရမဲ့ကိစ္စတွေကို ဂျူနီယာတွေလက်ထဲပဲအပ်ထားခဲ့လေသည်။ ဝေ့လန်လည်း သူတောင် ချစ်ကြိုက်ရမဲ့အရွယ်ရောက်လာပြီ၊ သူ့အဖိုးနဲ့သူ့အမေလည်း အသက်တွေကြီးလာခဲ့ပြီဆိုတာကို ပထမဦးဆုံးအကြိမ်အဖြစ် နက်နက်နဲနဲအသိတရားဝင်လာခဲ့သည်။

ဝေ့ရွှင်း သူ့ကိုလာကြိုတဲ့အချိန် ဝေ့လန်က သူ့ကိုပြုံးပြနေပေမဲ့လည်း စိတ်အခြေအနေမကောင်းဘူးဆိုတာကို ရိပ်မိနေတာကြောင့် ဝေ့မင် တစ်ခုခုပြောလိုက်တယ်အထင်ဖြင့် သူ စိတ်ပူပန်စွာမေးလာခဲ့သည်။

'' ဘာဖြစ်လို့လဲ ''

ဝေ့လန် သူ့ဘက်ပြန်လှည့်ကြည့်လာရင်း တဖက်လူရဲ့ချောမောတဲ့မျက်နှာကြီးကိုတွေ့လိုက်ရတော့ ဝေ့ရွှင်းလည်း တစ်နေ့ အိုမင်းသွားမှာကို စိတ်ပူမိတော့သည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||Where stories live. Discover now