Chapter 51

3.8K 732 33
                                    

Unicode

ခပ်မိုက်မိုက်ဝေ့လန် လူရိုက်နေပြန်ပြီ
_________________________________

ကျန်းချန်ကသူ့ကို အခုတလောလူကြိုက်အများဆုံး သီချင်းဆိုသည့်Variety Showတစ်ခုဖြင့် စာချုပ်ချုပ်ပေးထားကြောင့် ဝေ့လန်က ထိုShowထဲဝင်ပါရင်း Come backပြန်လာခဲ့သည်။ Variety Showစီစဥ်သူကလည်း သူ့ပါဝင်ရမဲ့နေရာနဲ့ အပိုင်းတွေကို သေချာလေးပြင်ဆင်ပေးထားတာကြောင့် သူ့ရဲ့ပေါ်ထွက်လာမှုက မိန်းကလေးFanတွေကိုလည်း အာခေါင်ခြစ်အော်စေခဲ့ကာ ဖြတ်လျှောက်တွေကိုလည်းအံ့သြစေခဲ့သည်။ အဲ့လိုနဲ့ပဲ သူကလူထုရဲ့အာရုံစိုက်မှုကိုပြန်ရလာခဲ့ပြီး အနုပညာလမ်းကြောင်းထဲ တရားဝင်ခြေဆန့်ခဲ့လေသည်။

အနုပညာလောကထဲ ဝေ့လန်ရဲ့ခရီးလမ်းက အရမ်းဖြောင့်ဖြူးလွန်းသည်။ အရမ်းဖြောင့်ဖြူးလွန်းသဖြင့် တချို့လူတွေကအမြင်ကတ်ကြပြီး တချို့ကလည်း ဖိနှိပ်ဖို့ကြိုးစားခဲ့ကြသည်။ သို့သော်လည်း ဝေ့လန်ကတော့မဖြုံပေ။ ဝေ့လန်က Debutစလုပ်,လုပ်ခြင်း ဟုန်းဟုန်းတောက်အောင်မြင်ခဲ့တာ​ကြောင့် သူအနားယူသွားတာကို နှမြောတသဖြစ်နေကြသည့် ကျယ်ကျဲဖန်တွေကလည်း သူပြန်လာတာနဲ့ Fandomနာမည်ကိုပါပြောင်းပြီး သူ့ကိုအသေအကြေကာကွယ်ပေးမည့် Die hardဖန်တွေဖြစ်လာကြသည်။ သူတို့က ကျန်းချန်ကိုမိနစ်မခြား Private Messageတွေပို့လာကြပြီး တစ်ယောက်ချင်းစီတိုင်းက သူတို့တိတိလေးက ခက်ခက်ခဲခဲ Debutခဲ့ရတာ သူ့အတွက် မလွယ်ခဲ့ဘူး ဒါကြောင့် ကုမ္ပဏီဘက်ကနေ သူတို့တိတိလေးကို သေချာလေးဂရုစိုက်ပေးပါ စသဖြင့်မှာကြားကြလေသည်။

ကျန်းချန်ကတော့ ထို '' မလွယ်ဘူး '' ဆိုတဲ့စာလုံးသုံးလုံးကိုကြည့်ပြီး သူဖတ်နေတာ တရုတ်စာလုံးမှဟုတ်ရဲ့လားဟုတောင် သံသယဝင်လာခဲ့သည်။

အလွန်အကျူးနာမည်ကြီးခြင်းက ဒီလောကထဲလူမုန်းများစေသော်ငြား ဝေ့လန်ရဲ့နောက်မှာ လင်ရှီးကျယ်ဆိုသည့်အပင်ကြီးရှိနေတာကြောင့် ဘယ်သူ့ကိုမှကြောက်စရာမလိုခဲ့ပါ။ လင်ရှီးကျယ်ကလည်းကုမ္ပဏီသူဌေးပီပီ ကောင်းတာလေးတွေတွေ့ရင် ဝေ့လန်အတွက်ဥထားတတ်ပြီး အခွင့်အရေးကောင်းလေးတွေတွေ့တာနဲ့ ပထမဆုံးစိတ်ထဲဝင်လာသူကဝေ့လန်ဖြစ်သည်။ ကျန်းချန်က ထိုအခြင်းအရာကိုကြည့်ပြီး အဲ့လိုမျိုးအချိန်တိုင်းလုပ်နေလျှင် တခြားလူတွေက မကျေမနပ်ဖြစ်ပြီး ဘက်လိုက်တယ်ဟုထင်လာမှာကို စိတ်ပူမိတာကြောင့် သူက အမြဲအဲ့လိုလုပ်စရာမလိုဘူးသွယ်ဝိုက်ပြီးပြောပြခဲ့သော်ငြား လင်ရှီးကျယ်ကတော့ ဘာကိုမှဂရုမစိုက်ပဲ

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||Where stories live. Discover now