Chapter 64

4.6K 908 84
                                    

Unicode

ခင်ဗျား ကျွန်တော့်ကိုချစ်နေမှန်း ဒီလောက်သိသာနေတာကို
_________________________________

ဝေ့လန်ကတော့ ဒီအချိန်ကြီးကျမှ တစ်ဖက်လူက ဒီလိုမျိုး ရုတ်တရက်ကြီး ထမေးလာလိမ့်မည်ဟုမထင်ထားတာကြောင့် သူ့ခင်ဗျာ သူ့ရဲ့သရုပ်ဆောင်စကေးလ်တွေနဲ့ မူးချင်ယောင်ဆက်ဆောင်နေရသည်။

ဝေ့ရွှင်းကတော့ ဝေ့လန်ရဲ့အနမ်းကြောင့် တစ်ခဏလောက်တိမ်တွေပေါ်လေဟုန်စီးနေခဲ့ပေမဲ့လည်း သူ တည်ငြိမ်သွားသည့်အခါ အသိတရားနဲ့ဝေဖန်ပိုင်းခြားနိုင်စွမ်းက ချက်ချင်း လိုင်းပေါ်ပြန်ရောက်လာခဲ့သည်။ သူ့စိတ်ထဲမှာ ဒီမြင်ကွင်းကြီးက အရမ်းရင်းနှီးလွန်းတာပဲဟု ခံစားနေရသည်။ ဒါက သူ ဝေ့လန်ကို ဟိုနေ့ကစမ်းသပ်ခဲ့တဲ့ အနမ်းနဲ့တစ်ပုံစံထဲပဲမဟုတ်ဘူးလား။ သို့သော်လည်း သူ ထိုနေ့ညက ဝန်မခံခဲ့တာကြောင့် အခုလည်း ဝေ့လန်ကို အတင်းကြီးဝန်မခံခိုင်းပါ။ သူ ဝေ့လန်ကိုပြုံးပြုံးကြီးကြည့်နေပြီး အရှေ့ကိုတိုးကာနမ်းလိုက်စဥ် ဝေ့လန်ကလည်း သူ့လည်ပင်းကိုပြန်ဖက်ပြီးနမ်းလာသည်။

ဝေ့ရွှင်းရဲ့စိတ်အခြေအနေက တော်တော်ကြီးကောင်းနေခဲ့သည်။ သူ နမ်းလို့ပြီးတာနဲ့ မနေနိုင်စွာပဲ ဝေ့လန်ရဲ့နှုတ်ခမ်းပါးကို နောက်နှစ်ခေါက်လောက် တမွမွထပ်နမ်းပစ်လိုက်ကာ ဝေ့လန်မှာ တဖက်လူရဲ့လုပ်ရပ်ကြောင့် မျက်နှာလေးနီတက်လာရပြီး ဝေ့ရွှင်းကတော့ လက်ခုံဖြင့် ထိုပါးလေးကိုပွတ်ရင်း

'' ပူခြစ်နေတာပဲ ''

ဝေ့လန်သူ့ကို ပြန်စိုက်ကြည့်လာတော့ ဝေ့ရွှင်း လက်ကိုပြန်ရုတ်လိုက်ကာ တော်တော်ကြီးကိုပျော်ရွှင်နေတဲ့ အပြုံးကြီးချိတ်ဆွဲထားရင်း

'' ဒါပေမဲ့ချစ်ဖို့ကောင်းတယ် ''

ဝေ့လန်က '' ဟမ့် '' ခနဲလုပ်လေသည်။ ဝေ့ရွှင်းက သူ့ကိုကြည့်ပြီး '' အိပ်ချင်လား ''

ကျိန်းသေပေါက်အိပ်ချင်တာပေါ့။ သို့သော် ပြန်ဖြေလျှင် အလိမ်ပေါ်သွားမှာကလည်းကြောက်ရသေးသည်။ ထို့ကြောင့်ခေါင်းငြိမ့်ပြလိုက်ပြီး အိပ်ယာပေါ် ဖြည်းဖြည်းချင်းပြန်လှဲချလိုက်သည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||Where stories live. Discover now