Chapter 41

3.8K 791 9
                                    

Unicode

သူ့လက်ထဲက ဓားတစ်လက်ဖြစ်လာဖို့ ဆန္ဒရှိပါတယ်
_________________________________

ဝေ့ရှီး ဝေ့မင်နဲ့ စကားတွေအကြာကြီးပြောခဲ့ကြပြီး ဝေ့ရှီးထိုအခန်းထဲကနေပြန်ထွက်လာချိန်မှာတော့ သူမမျက်လုံးများကနီရဲနေခဲ့သည်။ ဝေ့မင်ပြောခဲ့သည့်စကားများကို ပြန်ကြားယောင်ရင်း သူမဝမ်းမနည်းပဲမနေနိုင်ခဲ့။ ဝေ့မင်ပြောခဲ့သည်က

'' သမီးငယ်ငယ်တုန်းက အဲ့ကောင်လေးကိုကြိုက်တော့လည်း အဖေမကန့်ကွက်ခဲ့ဘူး အခု သမီးဝေ့ယဲ့ချန်ကို ကြိုက်ပြန်တော့လည်း အဖေ အရင်လိုပဲမကန့်ကွက်ဘူး ဒါပေမဲ့ ရှောင်ရှီး အဖေက ဝေ့ယဲ့ချန်ထက်အသက်ကြီးတာကိုတော့ သမီးသိထားရမယ် အဖေ့အသက်၆၀ကျော်ပြီ အဖေကသမီးတို့ထက်အရင်ထွက်သွားရမှာ ဒါကြောင့် သမီးရဲ့တစ်ဘဝလုံး အဖေလိုက်မစောင့်ရှောက်ပေးနိုင်ဘူး သမီးဘာသာအရာရာသတိချပ်ပြီး ဂရုစိုက်နေရမယ် ကိုယ့်ကိုယ့်ကိုဘယ်တော့မှ အနစ်နာမခံနဲ့ အဖေကတော့ သမီးဘာလုပ်လုပ် နောက်ကနေထောက်ပံ့ပေးနေဦးမှာပဲ အဖေဒီတစ်ဘဝစာလုံးရှာထားဖွေထားတာက သမီးနဲ့မြေးလေးအတွက် သမီးတို့လုပ်ချင်ရာလုပ်နိုင်ဖို့ကြိုးစားထားတာ အခု သမီးစိတ်ချမ်းသာတာကိုသွားလုပ်ပါ အဓိကက သမီးပျော်နေဖို့ပဲလိုတယ် ''

ဝေ့ရှီး သူမအဖေ စာကြည့်ခန်းထဲကနေ ပြန်ထွက်လာချင်း သူမဒီလိုမျိုးမလုပ်သင့်တော့ဘူးဟုတွေးမိလေသည်။ သူမ ဝေ့ယဲ့ချန်နဲ့ လက်မထပ်သင့်ဘူး။ သူမရဲ့အဖေအိုကြီးကို ဒီအသက်အရွယ်ရောက်မှ သူမအတွက်ကြောင့်နဲ့ စိတ်မပူစေသင့်တော့ဘူး။ သူမနဲ့ ဝေ့ယဲ့ချန်အခြေအနေက ဘာတွေချစ်ကျွမ်းဝင်ပြီး ဘာလုပ်ဖို့လက်ထပ်ကြမှာလဲ။ ဒီတိုင်းမေ့ပစ်ပြီး လမ်းခွဲလိုက်တာကမှ အကောင်းဆုံးရွေးချယ်မှုဟုထင်မိလေသည်။ သို့သော်လည်း ဝေ့ယဲ့ချန်ကိုမြင်လိုက်ရချိန်မှာတော့ ထိုအတွေးတွေက အပြင်ကိုစကားတွေအဖြစ်မထွက်လာနိုင်တော့ပါ။ ဝေ့ယဲ့ချန်က သူမနဲ့အတူတူအနာဂတ်တွေရှိချင်လွန်းလို့ တစ်ချိန်လုံးအလျှော့ပေးဒူးထောက်လာခဲ့တာ။ တဖက်လူရဲ့ကြိုးစားအားထုတ်မှုတွေကိုမြင်နေရတဲ့အတွက် သူမဘက်ကနေ တစ်သက်လုံးမုန်းတီးနာကျင်သွားအောင်မလုပ်ချင်ပေ။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||Where stories live. Discover now