Unicode
ကျွန်တော်က ခင်ဗျားစကားတစ်ခွန်းပဲ နားထောင်တာ
__________________________________ဝေ့ရွှင်းရဲ့ အေးစက်နေသည့်နှလုံးသားက ရုတ်တရက်ကြီးပူနွေးလာပြီး ထူးဆန်းတဲ့ အသံတွေထုတ်နေတယ်ဟု တွေးမိလေသည်။ သူအခုမှပဲ ဝေ့လန်ရဲ့ '' ကောကောအတွက်အိမ်လေးဆောက်ပေးမယ် '' ဆိုတာ ဘာကိုဆိုလိုချင်မှန်းနားလည်သွားတော့သည်။ ဝေ့လန်ရဲ့ကမ္ဘာထဲမှာ လူတွေအများကြီးရှိသည်။ ထိုလူတွေကို သူ့အတွက်ကြောင့်နဲ့ နှင်ထုတ်ပစ်လို့မရပါ။ သို့သော်လည်း ဝေ့လန်တစ်ယောက်ထဲသာရှိနေသည့်သူ့ကမ္ဘာကြောင့် ကလေးက ဒါကိုမတရားဘူးဟုထင်မိပြန်သည်။ တခြားလူတွေကိုထုတ်ပစ်လို့မရမှတော့ ဝေ့ရွှင်းအတွက်သီးသန့်ကမ္ဘာလေးတစ်ခုပေးဖို့စိတ်ကူးမိလာသည်။ ကလေးအတွေး ကလေးခံစားချက်လေးဖြင့် ဒီလိုလေးလုပ်ပေးလိုက်တာက ဝေ့ရွှင်းအတွက်မျှတသည်ဟုခံစားမိပြီး ဒါလေးနဲ့ သူတို့နှစ်ယောက်ရဲ့ ကမ္ဘာလည်ပတ်ပတ်ပုံမျှခြေကို ညှိပေးချင်နေလေသည်။ အရွယ်အစားကအရေးမကြီးပေမဲ့လည်း နှစ်ယောက်စလုံးရဲ့ကမ္ဘာလေးထဲမှာ တစ်ယောက်စီသီးသန့်နေရာလေးယူထားတယ်ဆိုတာကိုတော့ သူ့နည်းလမ်းနဲ့သူ ဖော်ပြချင်နေခဲ့သည်။
ဝေ့ရွှင်းလည်း သူ့အတွက်နဲ့ အတတ်နိုင်ဆုံးကြိုးစားပေးနေသည့် ရင်ခွင်ထဲကကောင်လေးကို မကြည့်ရက်တော့တာကြောင့် လက်မြှောက်ရင်း တဖက်လူရဲ့ဆံသားအိအိလေးကိုပွတ်သပ်လိုက်ကာ
'' အဲ့လောက်အထိမလိုပါဘူး တကယ်ပြောတာပါ ကိုယ် အဲ့အချိန်တုန်းကတော့ စိတ်ထဲထည့်ခဲ့မိပေမဲ့ အခုတော့ စိတ်ထဲမရှိတော့ဘူး အဲ့ဒါကြောင့် အဲ့လောက်လုပ်ပေးဖို့မလိုဘူး ကိုယ့်အတွက်ကြောင့်နဲ့ အဲ့လောက်ဒုက္ခခံဖို့မလိုဘူး ဒီတိုင်းလေး အရင်လိုရှိနေပေးရင်ရပြီ ''
သို့သော် ဝေ့လန်ကတော့ ဒီနည်းလမ်းက အရမ်းကောင်းတယ်ဟု ထင်မိနေဆဲပင်။
'' အဲ့လိုဆိုမကောင်းဘူးလား '' သူ ဝေ့ရွှင်းအား ထုတ်မေးလာခဲ့သည်။ '' ကျွန်တော်ကတော့ ကောင်းတယ်လို့ပဲထင်တယ် ကျွန်တော့်ကမ္ဘာကြီးမှာလူတွေအများကြီးရှိတယ် ကောကောလိုတစ်ယောက်ထဲပဲရှိတဲ့ကမ္ဘာမျိုးလုပ်ပေးလို့မရဘူး ဒါပေမဲ့ အစ်ကိုဆိုလို့ ကောကောတစ်ယောက်ထဲပဲရှိလို့ရတယ်လေ အဲ့လိုဆို ကျွန်တော့်ကမ္ဘာလေးထဲမှာလည်း ဘယ်သူမှယှဥ်လို့မရတဲ့နေရာတစ်ခုမှာ တစ်ဆိုနှစ်မဖြစ်နိုင်တော့တဲ့ ဖြစ်တည်မှုမျိုးကိုပိုင်ဆိုင်နိုင်ပြီ ''
YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||
Fanfictionဖန် ထွမ်စလေးရှင်း ဝေ့ဝေ့