Chapter 9

5.1K 771 11
                                    

Unicode

ပထမဦးဆုံးအကြိမ် တစ်ကုတင်ထဲ အတူတူအိပ်ကြခြင်း
______________________________

ဝေ့ရွှင်းရဲ့အခန်းက အရမ်းကိုကျယ်ဝန်းသည်။ သို့သော် အပြင်အဆင်ကရိုးရှင်းပြီး အရောင်တွေကလည်း တည်တည်ငြိမ်ငြိမ်လေးဖြစ်နေတာကြောင့် အိပ်ခန်းတစ်ခုထက် Showroom မှာ ရောင်းထွက်ဖို့ပြထားသည့် Modelအခန်းတစ်ခုနှင့်ပိုတူလေသည်။

ဝေ့ရွှင်း ဝေ့လန်ကိုသူ့ကုတင်ပေါ်ချပေးလိုက်သည်။ ဝေ့လန်လည်း ဘောင်းဘီတိုလေးကိုဆွဲချွတ်ပြီး ညအိပ်ဝတ်စုံလဲဖို့ပြင်လိုက်စဥ် သူ ညအိပ်ဝတ်စုံမယူလာခဲ့မိတာကို သတိရသွားလေသည်။

'' ညအိပ်ဝတ်စုံပါမလာဘူး ''

ဝေ့ရွှင်းအစတုန်းက သူ့ညအိပ်ဝတ်စုံကိုဝတ်ခိုင်းဖို့ စိတ်ကူးထားပေမဲ့လည်း သူ့ညအိပ်ဝတ်စုံတွေက ကလေးနဲ့ဆိုသိပ်ကြီးလွန်းနေတာကြောင့် မတော်လောက်ဘူးထင်ပြီး

'' ငါနဲ့မတော်တော့တဲ့အင်္ကျီလေးတွေရှာပေးမယ် မင်းနဲ့ဆို ကြီးတောင်ကြီးနေဦးမှာ အဲ့ဒါကိုညအိပ်ဝတ်စုံ လုပ်ဝတ် ''

ဝေ့လန်က ခေါင်းခါလိုက်ကာ

'' ကျွန်တော် ကျွန်တော့်ရဲ့ညအိပ်ဝတ်စုံပဲဝတ်ချင်တယ် ''

သူ ကျောပိုးအိတ်ကိုဆွဲဖွင့်လိုက်ကာ အထဲကသော့ကိုယူပြီး ဝေ့ရွှင်းဘက်ကမ်းပေးရင်း

'' ကောကော ကျွန်တော့်ကိုကူညီပြီး တစ်ထည်လောက်သွားယူပေးပါလား အဲ့ဒါက အဝတ်ဗီရိုထဲမှာရှိတယ် ''

ဝေ့ရွှင်းကလည်း ဝေ့လန်အိမ်ကိုအသွားအပြန်ထပ်မလုပ်ချင်တာကြောင့်

'' ညအိပ်ဝတ်စုံမဝတ်ပဲမအိပ်လို့မရဘူးလား ''

တဖက်က ဒီလောက်အထိပြောလာမှတော့ ဝေ့လန်လည်းအနည်းငယ်စဥ်းစားသွားရသည်။ သို့သော် ဘယ်လောက်ပဲဖြည့်တွေးပေးဖို့ကြံပါစေ နေမကောင်းသည့်အလျောက် ကလေးပီပီ စိတ်ကိုဦးစားပေးလိုက်ကာ သူဖြစ်ချင်တာကိုသာ ရိုးရိုးသားသားထုတ်ပြောလာသည်။

'' တမျိုးကြီးလို့ခံစားရတယ် ကောကော ကျွန်တော့်ကိုကူညီပြီးတစ်ထည်လောက်သွားယူပေးပါ အဲ့ဒါမဝတ်ရင်မအိပ်တတ်လို့ ဒီကနေစောင့်နေမယ်လေနော် နော်? ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||Where stories live. Discover now