Chapter 58

4.3K 869 51
                                    

Unicode

ဝေ့လန် မဟုတ်မှ မင်းသူ့ကိုကြိုက်နေတာလား
_______________________________

ယန်းချင်းချီ ဒီနှစ်ပိုင်းတွေမှာ ဇာတ်ကားတွေအများကြီးလက်မခံဖြစ်ပါ။ သူ အိမ်မှာပဲ ပုံဆွဲလိုက်၊ ကလေးနှစ်ယောက်ထိန်းကျောင်းလိုက်ဖြင့် အလုပ်ရှုပ်နေခဲ့ပြီး တခါတလေ ကျန်းမော့ချန်အလုပ်များနေလျှင်တော့ ကျန်းမော့ချန်ရဲ့ကုမ္ပဏီကိစ္စတွေကို ဝင်ကူလုပ်ပေးမည်ဖြစ်သည်။ ဝေ့လန် ယန်းချင်းချီအိမ်ကိုရောက်လာတဲ့အချိန် တဖက်လူက ညနေစာအတွက်ဖက်ထုပ်,ထုပ်နေခဲ့တာဖြစ်ပြီး ချီချီနဲ့ယန့်ယန့်ကတော့ ခြံထဲမှာရွှယ်ချိုနဲ့အတူတူကစားနေခဲ့သည်။

ဝေ့လန် တံခါးဘဲလ်ကိုတီးလိုက်တဲ့အချိန် ချီချီက ဘယ်သူလာတာလဲဆိုပြီး ပြေးကြည့်ဖို့ကြံရုံရှိသေး ယန့်ယန့်ကပြေးတောင်ပြေးကြည့်နေပြီဖြစ်ကာ တံခါးအရှေ့ရပ်ရင်း သူ့မမှီတမှီအရပ်လေးဖြင့် ချောင်းကြည့်နေသည်။

ဝေ့လန် သူ့ကို သံတံခါးကြားထဲကနေလှမ်းမြင်လိုက်တာနဲ့ လက်ထဲက မုန့်ထုပ်တွေကိုမြှောက်ပြကာ ရယ်ရယ်ပြုံးပြုံးဖြင့်

'' တံခါးဖွင့်ဦး ''

ယန့်ယန့် လက်ကိုဆန့်မြှောက်ပြီး ခြံတံခါးခလုတ်ကိုနှိပ်ဖို့ပြင်လိုက်ပေမဲ့လည်း သူ့အရပ်ပုတိုလေးနဲ့မမှီတာကြောင့် နောက်မှာကျန်ခဲ့သည့် ချီချီကိုဆော်သြလိုက်သည်။

'' ကောကော တာ့ကောကောလာတယ် မြန်မြန်တံခါးဖွင့်ပေးလိုက်ပါဦး ''

ချီချီလည်းအမြန်ပြေးလာပြီး ယန့်ယန့်တစ်ယောက် ခြေဖျားထောက်ထားတာတောင် တံခါးခလုတ်ကို မမှီနိုင်မှန်း မြင်လိုက်ရသည့်အခါ သူ့ခင်ဗျာခိုးခိုးခစ်ခစ်ထရယ်ရင်း သူ့ညီလေးနဲ့အရပ်ချင်းတိုင်းပြီး

'' တိတိ မင်းအရပ်ရှည်လာဖို့တော်တော်လိုသေးတာပဲနော် ''

ယန့်ယန့်လည်းသူ့ဘက်လှည့်ပြီး သူ့အရပ်နဲ့ သူ့အစ်ကိုအရပ်ကို လက်ပုတိုလေးဖြင့် ယှဥ်ကြည့်နေလိုက်ကာ ပြီးမှသက်ပြင်းလေးချရင်း

'' သား ဘယ်တော့မှ အရပ်ရှည်လာမှာလဲဟင် ဘယ်တော့လောက်မှ ကောကောလိုမျိုးအရပ်ရှည်လာမှာလဲ ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||Where stories live. Discover now