Chapter 21

4.2K 772 5
                                    

Unicode

တကယ်လို့ နောက်ပိုင်းကျ သူ နင့်ကို အနိုင်ကျင့်လာရင်ရော?
_________________________________

ဝေ့လန်ဟာ ငယ်ငယ်လေးကတည်းက သေးသေးအတင်မခံတဲ့လူဖြစ်တာကြောင့် ဒီလူတွေ ကောင်းရှန်းနဲ့အတူတူလိုက်လာပြီး သူတို့ကိုအနိုင်ကျင့်တဲ့ကြတဲ့အတွက် သူ့သဘောအတိုင်းသာဆို ဝေ့ရွှင်းကို ရပ်ဖို့မဖျောင်းဖျချင်ပါ။ ဒီလူတွေကလည်း လူအင်အား အားကိုးနဲ့မိုက်နေခဲ့တာကြောင့် အနည်းနဲ့အများတော့ ပြန်ခံရသင့်သည်။ သူသာ ဝေ့ရွှင်းကို သူ့စကားနားထောင်အောင် လုပ်လိုလျှင် လုပ်လို့ရသည့်နည်းလမ်းတွေ သူ့မှာ အများကြီးရှိသည်။ သို့သော် သူကိုယ်တိုင်ကိုက ဒီလူတွေကိုရိုက်စေချင်နေတဲ့အတွက် ဝေ့ရွှင်းပြောသံကြားတာနဲ့ ယွီလင်ဘက်လှည့်ပြီး

'' ဒါမှမဟုတ်လည်း ငါတို့ချည်းပဲ အရင်ဆုံး ကန်တင်းသွားကြမလား ''

ယွီလင်ကတော့ ဝေ့ရွှင်းကိုကြောက်နေတဲ့အတွက် ဝေ့လန်ကိုလည်း သူမအတွက်နဲ့ ဆက်မဖျောင်းဖျစေလိုတာကြောင့် ခေါင်းသာငြိမ့်ပြလိုက်သည်။

အမှန်အတိုင်းပြောရလျှင် ဝေ့ရွှင်း ဒီလူတွေကိုဘယ်လိုသမ,မလဲ သူကြည့်ချင်သေးသည်။ သို့သော် ယွီလင်က သူ့အင်္ကျီကိုလာ,လာဆွဲနေတဲ့အတွက် တဖက်လူကတော်တော်လေးကြောက်နေလောက်ပြီဟု တွေးမိတာကြောင့် ဒီမှာဆက်နေလို့မရတော့သဖြင့် သူ ဝေ့ရွှင်းအနားသွားပြီး

'' ဒါဆို ကျွန်တော် ကန်တင်းအရင်သွားပြီး ကောကောလာမှာကိုစောင့်နေမယ် ''

'' အင်း ''

ဝေ့လန် ဝေ့ရွှင်းရဲ့လက်ကိုလှမ်းကိုင်လိုက်တာကြောင့် ဝေ့ရွှင်းခေါင်းငုံ့ကြည့်လိုက်စဥ် တဖက်လူက တရားနည်းလမ်းမကျစွာပဲ ဘက်လိုက်၍ပြောလာသည်က

'' ခင်ဗျား သူတို့ကိုရိုက်လို့ရတယ် ဒါပေမဲ့ ကိုယ့်ကိုယ်ကိုတော့ အနာတရမဖြစ်စေနဲ့နော် ''

ဝေ့ရွှင်းက သူ့အပြောလေးကိုသဘောကျသွားသဖြင့် အပြုံးရေးရေးလေးပေါ်လာပြီး ခေါင်းငြိမ့်ပြလိုက်သည်။ ထိုအခါမှ ဝေ့လန်လည်း သူ့သူငယ်ချင်းတွေဘက်ပြန်လှည့်ကာ

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||Where stories live. Discover now