Chapter 45

3.8K 727 10
                                    

Unicode

ကျွန်တော့်ရဲ့အဆိုးအကောင်းမှန်သမျှ ဂရုမစိုက်ပဲ အကုန်ချစ်ပေးရမယ်
__________________________________

ဝေ့လန်ကတော့ အစီအစဥ်တင်ဆက်သူဆီကနေ ပါဝင်သူနာမည်တွေကို တစ်ယောက်ပြီးတစ်ယောက်ခေါ်ရင်း မိတ်ဆက်ပေးသံကိုနားထောင်အပြီး သူ့အလှည့်က နောက်ဆုံးနားလောက်မှာဖြစ်နေပေမဲ့လည်း စိတ်မအေးနိုင်တာကြောင့် ဝေ့ရွှင်းကိုဖုန်းလှမ်းခေါ်လိုက်သည်။

'' ခင်ဗျားဘာလို့အခုအချိန်အထိမရောက်သေးတာလဲ ''

'' လမ်းပိတ်နေလို့ ဒါပေမဲ့မင်းပြောထားသလို ၇နာရီခွဲထက်နောက်မကျစေရဘူး စိတ်အေးအေးထားပါ ''

'' ကျွန်တော်တစ်စက်ကလေးတောင် စိတ်မအေးနိုင်ဘူး ''

သူ ပြောလို့ပြီးသွားတာနဲ့ ယွီလင်ကသူ့ဆီအပြေးအလွှားရောက်လာပြီး

'' ရှောင်လန် နင့်အစ်ကိုကိုမြန်မြန်လာခိုင်းလိုက်တော့ နင့်ရှေ့ကကောင်မလေးက တစ်ချို့ကိစ္စလေးတွေရှိလို့ နင့်နောက်ကိုပို့လိုက်တယ် ဘာပဲဖြစ်ဖြစ် နင့်ကိုကြိုပြောထားတဲ့အချိန်ထက်၁၀မိနစ်လောက်ပိုစောပြီး စင်ပေါ်တက်ရလိမ့်မယ် ''

ဝေ့လန်လည်းလန့်သွားကာ ဖုန်းထဲကလူကို ဆော်သြလိုက်သည်။

'' ပြောတာကြားလား ''

ဝေ့ရွှင်းကလည်းဖုန်းထဲကနေချော့နေရလေသည်။

'' ​ကိုယ်သိပါတယ် စိတ်မပူပါနဲ့ ''

ဘယ်လိုလုပ်စိတ်မပူပဲနေနိုင်မလဲဟု ဝေ့လန်စိတ်ထဲကနေပြန်အော်နေသော်ငြား အပြင်မှာတော့သက်ပြင်းယဲ့ယဲ့သာချနိုင်လေသည်။ တဖက်က ကားလမ်းပေါ်မှာပဲရှိသေးတာကြောင့် သူအရမ်းကြီးမလောချင်ပေ။

'' ဒါဆိုမြန်မြန်လာနော် ''

'' အင်း '' ဝေ့ရွှင်းဖုန်းချပြီးတာနဲ့ ရှေ့ကကားသမားကို '' မြန်မြန်မောင်း ''ဟုအမိန့်ပေးလိုက်သည်။

ချွေးစို့နေသည့်ကားသမားလည်း လမ်းရှင်းတာနဲ့ အရှိန်ကိုအမြန်တင်ပြီး အသေမောင်းတော့သည်။

ဝေ့ရွှင်းလည်း ဝေ့လန်အား စောင့်ခိုင်းထားရသည့်ခံစားချက်မျိုးကို မနှစ်မြို့ပါ။ အထူးသဖြင့် တဖက်က သူ့ကိုစာတွေဆက်တိုက်ပို့ပြီး ဖုန်းတွေတဂွမ်ဂွမ်ဆက်နေတဲ့အချိန်မျိုးမှာပေါ့။ ထိုကဲ့သို့လုပ်နေပြီဆိုကတည်းက သူပွဲအမှီမရောက်လာနိုင်မှာကို သူအလှည့်လွတ်သွားမှာကို စိတ်ပူလွန်းလို့လောနေမှန်းသိလိုက်သည်။ တကယ့်ကိုအချိန်ကောင်းမဟုတ်ဘူးပဲ။ ဘာလို့ဒီနေ့မှဖြစ်ရတာလဲဟု ဝေ့ရွှင်းစိတ်ထဲကနေ ပွဲစီစဥ်သူတွေကိုအပြစ်တင်လိုက်သည်။ သူ့ဘက်ကလည်းတော်တော်လေးကိုအရေးကြီးနေတာကြောင့် နောက်နှစ်ရက်လောက်မှ ကျင်းပရင် ဘယ်လောက်အဆင်ပြေလိုက်မလဲ။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||Where stories live. Discover now