Unicode
ဝေ့လန် အနုပညာလမ်းကြောင်းပေါ် စတင်ခြေဆန့်ခြင်း
_______________________________ဖရဲသီးစားဖို့စောင့်နေကြတဲ့လူတွေလည်း အချိန်အကြာကြီးစောင့်နေကြသော်ငြား သူတို့ပြန်ရလိုက်သည်က အစီအစဥ်ရဲ့Weibo Postဖျက်ပြေးမှုဖြစ်ပြီး သူတို့သွားပြောသည့်အချိန်မှာတောင် တဖက်ကသေချင်ယောင်ဆောင်နေကြလေသည်။ သူတို့လည်း ထိုအစီအစဥ်ရဲ့နောက်ကွယ်ကလူတွေ ဘာတွေကြံနေမှန်းမသိတာကြောင့် ယောင်လည်လည်လေးဖြစ်နေတော့သည်။ ဘယ်မှာလဲသူတို့ရဲ့ဖရဲသီး? ဘယ်မလဲမျှော်နေတဲ့ရှေ့နေစာ?
အစီအစဥ်က တိတိကိုတစ်ခုခုလုပ်ခဲ့မှန်း သေချာသွားသည့် ဝေ့လန်ရဲ့ကျယ်ကျဲတွေကတော့ အစီအစဥ်ရဲ့တရားဝင်Weibo accဆီအပြေးလေးသွားကြကာ ဒေါသတကြီးဝိုင်းဝုန်းခဲ့ကြပြီး ထို့နောက် ဝေ့လန်ရဲ့Weibo accဆီပြန်လာရင်း တိတိလေးအားမငယ်နဲ့နော် ကျယ်ကျဲတို့Supportပေးနေမယ် စသည့်စသည့် Commentများချန်သွားကြလေသည်။
ဝေ့လန်ကလည်း တစ်ခါမှအားမငယ်ဖူးပါဘူး။ သူ့ဘဝတစ်လျှောက်လုံး သူ့ကိုစိတ်အားငယ်အောင်လုပ်နိုင်သည့်အရာမျိုးနဲ့လည်း မကြုံတွေ့ဖူးခဲ့တာကြောင့် သူ့မှာ စားလို့ကောင်း၊အိပ်လို့ကောင်းပင်။ သူ ဒီပြိုင်ပွဲကိုဒေါသအရဝင်ပြိုင်ခဲ့ခြင်းဖြစ်ပြီး သူ့Goalလည်းဖြစ်မြောက်သွားပြီးဖြစ်တာကြောင့် အခုလိုထွက်လိုက်ရသည့်လုပ်ရပ်အပေါ်နောင်တရမနေပေ။ ထို့အပြင် သူရဲ့အဆိုစွမ်းရည်က ရိုးရိုးတမ်းတမ်းကောင်းတာမဟုတ်ပဲ အလွန်အကျူးကောင်းနေတယ်ဆိုတာကိုပါ အောင်အောင်မြင်မြင်သက်သေပြနိုင်ခဲ့သည်။ လွန်ခဲ့တဲ့၆လက အခုလိုTalent Showတွေမှာ Debutလုပ်သွားသည့်အဆိုတော်တွေရဲ့ ကျော်ကြားမှုရာခိုင်နှုန်းကိုပေါင်းလိုက်မည်ဆိုလျှင်တောင် သူ့ကိုကျော်နိုင်မည်မဟုတ်ပါ။
ဝေ့ရွှင်း ဒါတွေကို တစ်ခုမှမသိခဲ့ပါဘူး။ သူ လအနည်းငယ်လောက် နိုင်ငံခြားသွားပြီးပြန်လာချိန်မှာတော့ သူ့တိတိဟာ နှုတ်ခမ်းနီမလေးတွေရဲ့ပါးစပ်ဖျားက အသည်းကျော်လေးဖြစ်နေမှန်းသိသွားခဲ့ရသည်။ သူ ဝေ့လန်ကိုစစ်မေးနေတဲ့အချိန် တဖက်လူက သူ့ရှေ့မှာလိမ်လိမ်မာမာလေးရပ်နေရင်း ဘာမှမရှုပ်ထားသလိုမျိုး ဖြူစင်သည့်မျက်နှာလေးဖြင့်ပြုံးပြနေလေသည်။
YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||
Fanfictionဖန် ထွမ်စလေးရှင်း ဝေ့ဝေ့