Chapter 68

6K 874 54
                                    

Unicode

နောက်ဆုံးပိုင်း (2)
________________________________

ဝေ့ရွှင်းကတော့ တဖက်လူရဲ့ပွင့်လင်းမှုက အရမ်းချစ်ဖို့ကောင်းလွန်းတာပဲဟု တွေးနေမိတာကြောင့် ဒီကောင်လေးကိုရင်ခွင်ထဲထည့်ပြီး ချော့မြူနေခဲ့သည်။

'' အကြာကြီးစောင့်စရာမလိုပါဘူး ဒါပေမဲ့အခုတော့မဟုတ်ဘူး လိမ္မာတယ် ''

ဝေ့ရွှင်း ဝေ့လန်ကိုနမ်းလိုက်သည်။ ဝေ့လန်ကတော့ တဖက်လူရင်ခွင်ကိုမှီရင်း ဝေ့ရွှင်းက သူ့ဆို အလွန်အကြူးကာကွယ်ပေးလွန်းတာပဲဟုတွေးနေမိလေသည်။ သို့သော် ဒါက ဝေ့ရွှင်းဖြစ်သည်။ သူ၁၂နှစ်သားအရွယ်ကတည်းက ဝေ့ရွှင်းဟာ သူ့ကိုဆို ပထမဦးစားပေးနေရာမှာထားခဲ့ပြီး သူ့အတွက် အမြဲတမ်းလိုက်တွေးပေးသည်။

ဝေ့လန် တဖက်လူရဲ့မေးစေ့ကိုပြန်နမ်းရင်း

'' ဒါဆို ခင်ဗျားမွေးနေ့အထိစောင့်မယ် ဟုတ်ပြီလား ''

'' မင်း ကိုယ့်ကိုယ်ကို မွေးနေ့လက်ဆောင်အဖြစ်ပေးမလို့လား ''

'' အတွေးကြီးကလှတယ်နော် ခင်ဗျား၊ ကျွန်တော်က ဒီတိုင်း Surprise လုပ်ချင်ရုံပဲကို ''

'' အခုထုတ်ပြောလာမှတော့ ဘယ်နားက Surpriseခေါ်တော့မှာလဲ ''

'' မအံ့သြဘူးဆိုရင်တောင် ပျော်ရမယ်လေ ဘာလဲ ခင်ဗျားမပျော်ဘူးလား ''

ဝေ့ရွှင်း မငြင်းလာပဲ ရိုးရိုးသားသားပြန်ဖြေလာသည်မှာ

'' ပျော်တယ် ''

ဝေ့လန်ကတော့ ခင်ဗျားဒီလိုပြန်ဖြေမယ်မှန်း ကျွန်တော်သိသားပဲဆိုသည့် မျက်နှာပေးလေးလုပ်နေခဲ့တာကြောင့် တဖက်လူရဲ့ မောက်မောက်မာမာမျက်နှာလေးကိုကြည့်ရင်း သူ့ခင်ဗျာ သည်းမခံနိုင်သည့်အဆုံး အတင်းဖိချကာ ကြယ်တွေလတွေမြင်အောင်နမ်းပစ်လိုက်သည်။ သူ အစကတော့ တစ်နှစ်လောက်ကြာအောင်စောင့်ပြီးမှ ဝေ့လန်နဲ့ ဒီကိစ္စတွေအတူလုပ်မယ်ဆိုပြီး စိတ်ကူးထားခဲ့သည်။ သူ ဝေ့လန်ကို သူတို့ဆက်ဆံရေးနဲ့နေသားကျလာအောင် အချိန်တွေအများကြီးပေးထားချင်သည်။ သို့သော် တဖက်လူက သူ့ထင်ထားတာထက်ပိုပြီး နေသားကျလွယ်နေခဲ့သည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||Where stories live. Discover now