Unicode
မျောက်ခြောက်ဖို့ ကြက်ကိုသတ်ပြ
_________________________________သူ့ရဲ့ကန်ချက်ကအရမ်းပြင်းလွန်းသဖြင့် ကြမ်းပြင်ပေါ်ဖင်ထိုင်ရက်လဲကျသွားသည့် စွင်းရှင်းခင်ဗျာ ခေါင်းကြီးသွားရသည်။ စွင်းရှင်းနဲ့အတင်းတုပ်နေသည့် သူ့သူငယ်ချင်းမှာတော့ ပိုလို့လန့်သွားရကာ မသိမသာနောက်ကိုဆုတ်သွားမိသည်။
သူတို့ရှိနေသည့်နေရာက ချောင်ကျတာကြောင့် အနီးအနားကိုဘယ်သူမှမဖြတ်သွားပါ။ သို့သော် စွင်းရှင်းတစ်ယောက်အကန်ခံလိုက်ရစဥ် အာပြဲကြီးဖြင့်ထအော်လိုက်တာကြောင့် အော်သံကြားသည့်လူတွေကလည်း သို့လော၊သို့လောဖြစ်သွားပြီး ဒီဘက်ကိုရောက်လာကြလေသည်။
ဝေ့လန်ကတော့ ဘယ်သူ့ကိုမှဂရုမစိုက်ပဲ စွင်းရှင်းကိုကြည့်ကာ အေးစက်စက်လေသံဖြင့်
'' မင်းကဘာကောင်လဲ ငါတို့မိသားစုအကြောင်းဝေဖန်ရအောင် မင်းမှာဘာစောက်အရည်အချင်းရှိလို့လဲ ''
စွင်းရှင်းကလည်း တခြားလူတွေရဲ့အကြည့်စူးစူးတွေကိုခံစားနေရတာကြောင့် အထင်သေးမခံချင်သဖြင့် သူ့ရင်ဘတ်သူပွတ်ပြီး ဟိတ်ဟန်ပြန်ထုတ်လိုက်သည်။
'' ဘာလဲမင်းကအနာထိတော့စပ်တာလား ''
ဝေ့လန်က အေးတိအေးစက်နှာမှုတ်လိုက်ပြီး
'' ငါ့အဘိဓာန်မှာ အဲ့လိုစကားလုံးမျိုးမရှိသေးဘူး ဒါပေမဲ့ မင်း မင်းကတော့ တော်တော်လေးသတ္တိကောင်းတာပဲ ငါ့အဖိုးရဲ့အသက်က မင်းစကားလုပ်ပြောရမဲ့အရာလား ''
ဝေ့လန် ငုံ့ကိုင်းပြီး စွင်းရှင်းရဲ့ မေးရိုးကို တစ်ဖက်လူမတုံ့ပြန်ရသေးခင်မှာတင် ဆွဲညှစ်လိုက်ကာ
'' မင်း ကိုယ်နဲ့မဆိုင်ပဲ သူများမိသားစုကိစ္စကို အဲ့လောက်တွေးပူပေးနေတာ ယုံယုံ မယုံယုံ ငါ့အဖိုးမသေခင် မင်းကိုအရင်သေအောင်လုပ်ပစ်လို့ရတယ် ''
စွင်းရှင်းလည်း မသိစိတ်ကနေကြောက်မိသွားလေသည်။ သူကဝေ့လန်ကိုကြောက်တာမဟုတ်ပဲ ဝေ့အိမ်ရဲ့အာဏာပါဝါတွေကို ဖင်တုန်အောင်ကြောက်မိသွားတာဖြစ်သည်။ မဟုတ်လျှင် လူမရှိသည့်ချောင်ကျကျနေရာမှာ အတင်းတုပ်ဖော်သူငယ်ချင်းနဲ့ ဒီလိုမျိုးခိုးကြောင်ခိုးဝှက်ပြောလာမည်မဟုတ်ပါ။ သို့သော် ဝေ့လန်က သူတို့ပြောတာကြားသွားလိမ့်မယ်လို့ ဘယ်သူကထင်မိမှာလဲ။
YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||
Fanfictionဖန် ထွမ်စလေးရှင်း ဝေ့ဝေ့