Unicode
ဝေ့ရွှင်းရဲ့ မွေးနေ့ဆုတောင်းသုံးခု
_________________________________ဝေ့ရှီး ဝေ့ရွှင်းအတွက်ဝယ်ပေးလာသောနာရီမှာ ဒီဇိုင်းက ရိုးရှင်းပေမဲ့လည်း ထည်ဝါသည်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ ဒါက သိန်းကျော်တန်ပြီး နာမည်ကြီး Brandထဲက Low-keyနာရီဒီဇိုင်းမှန်းသိသာလှသည်။ ဝေ့လန်ကတော့ ကြည့်လေကြည့်လေ ကြိုက်လေဖြစ်တာကြောင့် သူ့ကျောပိုးအိတ်လေးထဲအမြန်ထည့်သိမ်းထားပြီး ညနေကျမှ ဝေ့ရွှင်းကိုပေးဖို့စီစဥ်ထားလေသည်။
သူ ဝေ့ရွှင်းကို Surprise လုပ်ပေးချင်တာကြောင့် ကိတ်မုန့်လည်းသူ့ဘာသာဝယ်မယ်လို့ စိတ်ကူးထားသော်ငြား သူဝယ်လာသည့်ကိတ်ကိုဝေ့ရွှင်းမကြိုက်မှာစိုးတာကြောင့် တဖက်လူကို ကိတ်ဆိုင်အထိအတင်းဆွဲခေါ်လာကာ
'' ခင်ဗျားအထင် ဘယ်ဟာက စားလို့ကောင်းမယ်လို့ထင်လဲ ''
ဝေ့ရွှင်းကတော့ အရသာတွေများပြီး ဝေ့လန်ရွေးရခက်နေတယ်ထင်တာကြောင့် ဝေ့လန်အကြိုက်ဆုံးချောကလက်ကိတ်ကိုသာရွေးလိုက်သည်။
ဝေ့လန်က ထိုချောကလက်ကိတ်ကို လက်ညှိုးထိုးပြရင်း
'' ခင်ဗျားက ဒါကိုစားရတာကြိုက်တာလား ''
'' ကိုယ်ကိတ်မုန့်စားရတာမကြိုက်ဘူး ကိုယ့်အတွက်ကတော့ အားလုံးကအတူတူပဲ ''
ဝေ့လန်ကတော့ ဝေ့ရွှင်းနဲ့ခင်မင်လာတာလည်း တစ်နှစ်ပြည့်တော့မည်ဖြစ်တာကြောင့် တဖက်လူက အမြဲတမ်း ဒီပုံစံလုပ်တတ်မှန်း သူသိသည်။ ဘာရွေးခိုင်းရွေးခိုင်း သူ့အကြိုက်လိုက်ပြီး သူစားချင်တာ၊သူလုပ်ချင်တာကိုသာ ဦးစားပေးတတ်မှန်းနားလည်တာကြောင့် အခုလည်းသူကြိုက်တတ်သည့်ချောကလက်ကိုရွေးလိုက်မှန်း သဘောပေါက်သွားလေသည်။
ဝေ့လန်လည်း ပိုက်ဆံရှင်းပြီး ထိုကိတ်ပဲဝယ်လာခဲ့သည်။ ဝေ့ရွှင်းက သူ့အစားသယ်ပေးဖို့လုပ်ပေမဲ့ ဝေ့လန်ကလက်မခံပဲ
'' ကျွန်တော်ပဲကိုင်မယ် ခဏနေကောကောကိုကျွေးမယ်လေ ''
'' အင်း ဟုတ်ပါပြီ '' ဝေ့ရွှင်းက ကိတ်မုန့်စားရတာမကြိုက်ပေမဲ့လည်း ဝေ့လန်ကျွေးသရွေ့နည်းနည်းပဲဖြစ်ဖြစ်စားဖြစ်တာကြောင့် ဒီလိုအသေးအမွှားလေးတွေကတော့ ဝေ့လန်စကားပဲနားထောင်သည်။
![](https://img.wattpad.com/cover/338313138-288-k319774.jpg)
YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||
Fanficဖန် ထွမ်စလေးရှင်း ဝေ့ဝေ့