Unicode
ဝေ့ရွှင်းရဲ့သော့
________________________________'' မင်းက ဝင်ပြိုင်ဖို့နာမည်ပေးထားတာလား ''
ဝေ့လန်က ခေါင်းငြိမ့်ပြကာ
'' ကျိန်းသေတာပေါ့ အားကစားနဲ့ပတ်သက်လာရင် အတန်းထဲမှာ ကျွန်တော်အတော်ဆုံးပါနော် အဲ့နေ့ကျ ကျွန်တော်ပြိုင်တာကိုလာကြည့် ကျိန်းသေပေါက် ပထမဆုယူပြမယ် ''
'' ကောင်းပါပြီ '' ဝေ့ရွှင်း သဘောတူလိုက်သည်။
'' မှန်းကြည့်ကြည့် ကျွန်တော်ဘာတွေကိုနာမည်စာရင်းပေးထားလဲလို့ '' ဝေ့လန်က စိတ်ဝင်တစားမေးလာသည်။
ဝေ့ရွှင်း အံ့သြသွားကာ
'' သုံးလေးခုတောင် နာမည်စာရင်းသွင်းထားတာလား ''
ဝေ့လန်က ခေါင်းငြိမ့်ပြလာလေသည်။
'' မတတ်နိုင်ဘူးလေ ဘာပြိုင်ပွဲနာမည်ပြောပြော ကျွန်တော့်အတန်းက ကျွန်တော့်ကိုပဲလက်ညှိုးဝိုင်းထိုးနေကြတော့ သုံးလေးခုလောက်နာမည်မပေးထားလို့မဖြစ်တော့ဘူး ''
'' ဘာတွေဝင်ပြိုင်မှာလဲ ''
'' မီတာ ၁၀၀၊ မီတာ ၁၀၀၀၊ မီတာ ၁၀၀ လေးယောက်လက်ဆင့်ကမ်းနဲ့ အမြင့်ခုန် '' ဝေ့လန်က တစ်ခုချင်းစီရွတ်ပြလာသည်။ '' ကောကောမသိလို့ အားကစားအဖွဲ့ကအသင်းသားတွေဆို ကျွန်တော့်ကိုဖက်ပြီးငိုတောင်ငိုကြတော့မလို့ သူတို့ကိုကပ်ဘေးကနေကယ်ပေးထားလို့သိပ်ကျေးဇူးတင်တာပဲတဲ့ ''
ဝေ့ရွှင်း ပြုံးမိသွားသည်။ သူတို့တုန်းကလည်း ထူးမခြားနားပါပဲ။ အမြဲတမ်း သူတို့အတန်းက အားကစားပွဲတော်ကို ဝင်ပြိုင်ဖို့ခွင့်ပြုမိန့်ကျလာပြီဆို အားကစားအဖွဲ့ရဲ့အဖွဲ့သားတွေက သူတို့အစား တာဝေးအတွက် ပြိုင်ပေမဲ့လူရှိလျှင် ငိုကြယိုကြဖြင့် ပန်းနုအသွေးဆုံးဖြစ်သည်။
သူ ကိုယ်တိုင်ကတော့ အဲ့လိုပြိုင်ပွဲတွေဝင်ပြိုင်ရတာကို သိပ်သဘောမကျသော်ငြား ဝေ့လန်ဝင်ပြိုင်မယ်ကြားတော့ အနည်းငယ်စိတ်ဝင်စားသွားတာကြောင့် ထိုနေ့ရောက်လာမှာကို မျှော်တောင်မျှော်နေမိပြီဖြစ်သည်။
YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||
Fanfictionဖန် ထွမ်စလေးရှင်း ဝေ့ဝေ့