Chapter 56

4.3K 854 81
                                    

Unicode

ဝေ့ရွှင်း အရှေ့ကိုဖြည်းဖြည်းချင်းတိုးပြီး သူ့ကိုနမ်းလာတယ်
_________________________________

ဝေ့လန် အိမ်ပြန်ရောက်တဲ့အချိန် ဝေ့ရွှင်းကသူ့ထက်အရင် အိမ်ပြန်ရောက်နေခဲ့တာဖြစ်ပြီး သူအိမ်ထဲဝင်လာတာကိုမြင်သည်နှင့်

'' ဘာလို့ ဒီလောက်နောက်ကျမှပြန်လာတာလဲ ''

ဝေ့လန်ကတော့ ယန်းချင်းချီနဲ့စကားတွေအများကြီးပြောခဲ့ရတာကြောင့် ပြန်ဖြေဖို့အားမရှိတော့သဖြင့် ခေါင်းသာငြိမ့်ပြလိုက်သည်။

ဝေ့ရွှင်းက သူ့ကိုကြည့်ပြီး တည်ငြိမ်တဲ့လေသံဖြင့်

'' မင်း ကိုယ်ထွက်သွားတာကိုကြည့်ပြီး နောက်ကနေတိတ်တိတ်လေးလိုက်လာမယ်ထင်ထားတာ ''

ဝေ့လန်လည်း ထိုစကားကြားတာနဲ့ ဖိနပ်လဲနေရာကနေတန့်ခနဲရပ်သွားပြီး ဝေ့ရွှင်းဘက်လှမ်းကြည့်လိုက်သည်။

'' ကျွန်တော့်ကိုမိသွားတာလား ''

'' ကိုယ်သာအဲ့လောက်မပါးနပ်ရင် အခုအချိန်ဆို ဘယ်နှစ်ခေါက်လောက်သေနေမှန်းတောင်သိမှာမဟုတ်ဘူး ''

ဝေ့လန် အိမ်နေရင်းဖိနပ်လဲလို့ပြီးတာနဲ့ ဝေ့ရွှင်းရပ်နေသည့်နေရာနားလျှောက်လာသည်။

တဖက်လူကတော့ သူ့ကိုကြည့်နေရင်း

'' ဘာလို့လဲ ကြည့်ရတာ စိတ်ဆိုးနေတဲ့ရုပ်ကြီးနဲ့ မပျော်ဘူးလား ''

'' ဘာမှမဟုတ်ပါဘူး '' ဝေ့လန်အသံမှာဆူပုတ်ပုတ် ။

'' ဝေ့လန် '' ဝေ့ရွှင်းကလည်း သူ့ကို တစ်ခုခုဖုံးကွယ်ထားတာမျိုးတွေမကြိုက်တာကြောင့် ဝေ့လန်ရဲ့နာမည်အရင်းကို မကျေနပ်သည့်လေသံဖြင့်တိုက်ရိုက်ခေါ်ချလာသည်။

ဝေ့လန်ကတော့ သူ့ကိုပြန်ကြည့်ပြီး ချီတုံချတုံလေသံဖြင့်

'' ကျွန်တော်လည်းအိမ်ထောင်ဖက်တွေ့ရင်ကောင်းမလားလို့စဥ်းစားနေတာ ''

'' မင်းကဘာအိမ်ထောင်ဖက်သွားတွေ့မှာလဲ ''

'' အခု ခင်ဗျားတောင် အိမ်ထောင်ဖက်တွေ့နေပြီမဟုတ်ဘူးလား အဆင်ပြေရင် နှစ်နှစ်လောက်တွဲပြီးလက်ထပ်ကြတော့မှာလေ ဒါဆိုကျွန်တော်လည်း လက်ထပ်ဖို့သိပ်မလိုတော့ဘူးပေါ့ အဲ့ဒါကြောင့်ကိုယ့်အနာဂတ်အတွက် ကိုယ့်ဘာသာplanကြိုချထားမလို့ ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||Where stories live. Discover now