Chapter 63

4.5K 849 39
                                    

Unicode

ဝေ့လန်ရဲ့အနမ်း
_______________________________

ယန်းချင်းချီကတော့ ဝေ့လန်ဘေးကအရက်ပုလင်းတွေကိုကြည့်ပြီး အံ့အားသင့်နေခဲ့ကာ

'' ဒီလောက်အများကြီး မင်းတကယ်ရောသောက်နိုင်မှာလား ''

'' မဟုတ်ရင်? ဒီလောက်နည်းနည်းလေးနဲ့ သူ့ကိုလိမ်လို့ရမယ်တဲ့လား ''

'' မင်း တကယ်ကြီးမူးသွားရင်တောင် မင်းအစ်ကိုကတော့ မင်းကိုမူးချင်ယောင်ဆောင်နေတယ်လို့ပဲထင်လိမ့်မယ် ''

'' ဒါတော့မတူဘူးလေ '' ဝေ့လန် ဘီယာတစ်ဘူးကောက်ဖွင့်လိုက်ကာ '' သောက်လိုက်မှရဲဆေးတင်နိုင်မှာ မသောက်ထားဖူးဆို သူတစ်ချက်ကြည့်လိုက်ရုံနဲ့ ငါသရုပ်ဆောင်နိုင်မှာမဟုတ်ဘူး ''

'' ဒါဆိုလည်းမင်းသောက်နေလေ ခဏနေ မင်းကိုအိမ်ပြန်လိုက်ပို့ပေးမယ် ''

'' OK ''

ဝေ့လန်ပြောလို့ပြီးတာနဲ့ အရက်စသောက်တော့သည်။.

ယန်းချင်းချီ သူ့ကိုကြည့်ပြီး

'' ငါကတော့ သောကြာနေ့မှစမယ်ဆိုလို့ တကယ်ကြီးသောကြာနေလို့ထင်ထားတာ အခုတော့ကြည့်ပါဦး တစ်ရက်ပဲကြာလိုက်တယ် ကိုယ့်ပါးကိုဖြတ်ရိုက်နေပြီ ''

'' မင်းနားမလည်ပါဘူး ''

ယန်းချင်းချီကတော့ ထိုစကားကိုတော်တော်လေးအမြင်ကတ်နေပြီဖြစ်တာကြောင့်

'' မင်းအဲ့ဒါပဲပြောနေ ဟုတ်တယ်ငါနားမလည်ဘူး အဲ့ဒါကြောင့် မင်းရှင်းပြလိုက်တော့ ''

ဝေ့လန် တဖက်မှာ ဘီယာကိုလက်ကမချပဲ တဖက်မှာ ယန်းချင်းချီကိုရှင်းပြဖို့ပြင်သည်။

'' အရင်ကတော့ သူငါ့ကိုချစ်နေမှန်း စစသိလိုက်ရတဲ့အချိန် ငါကလည်း သူ့ကိုပြန်ချစ်နေမှန်းသိသွားခဲ့တယ် ဒီအရွယ်ကြီးရောက်တဲ့အထိ တစ်ခါမှမခံစားဖူးခဲ့တဲ့အချစ်ကို သူနဲ့ကျမှ ဪ ဒါကအချစ်ပါလားဆိုပြီး သိသွားခဲ့တာ အဲ့ဒါကြောင့် စစချင်း ငါကလည်းသူ့ကိုချစ် သူကလည်းငါ့ကိုချစ် နှစ်ယောက်သားအရိပ်အမြွက်တွေပြပြီး ဖွင့်မပြော အီစီကလီရိုက် အဲ့လိုအခြေအနေလေးထဲ မွေ့ပျော်နေခဲ့တာ အဲ့ဒါကြောင့်မလောခဲ့တာ ဒီလိုအခြေအနေလေးရဲ့ကောင်းကျိုးက ရင်ခုန်ဖို့ကောင်းတယ် ဆိုးကျိုးကတော့ ဘယ်လိုခံစားနေရမှန်း ရှင်းရှင်းလင်းလင်းမဝန်ခံကြတဲ့အတွက် တခြားကိစ္စတွေလုပ်လို့မရဘူး အဲ့ဇုံထဲမှာပဲနေ,နေရတယ် ငါသူနဲ့ဒီထက်ပိုပြီးနီးစပ်ချင်တယ် အဲ့ဒါကြောင့်မစောင့်နိုင်တော့ဘူး ဒီအခြေအနေကြီးကို မြန်မြန်အဆုံးသတ်ပစ်မှဖြစ်တော့မယ် ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||Where stories live. Discover now