Chapter 27

3.7K 774 18
                                    

Unicode

သူ့ရဲ့မင်းသားလေးကို သူ့ကမ္ဘာထဲ ပြန်ပြောင်းလာစေချင်တယ်
_______________________________

'' Cheers! '' ကျန်းရှန့်ထိုသို့အော်ပြီး ဘီယာခွက်ကိုမြှောက်ကာ အားလုံးရဲ့ဖန်ခွက်နဲ့လိုက်တိုက်လိုက်သည်။ '' လာကြ ငါတို့ဒီနေ့ ဝေ့ရွှင်း၁၈နှစ်ပြည့်ပြီး လူကြီးဖြစ်သွားတာကို ဂုဏ်ပြုလိုက်ကြရအောင် သူ နောက်ဆုံးတော့လူဖြစ်ပြီကွ! ဟားဟားဟားဟား ''

လင်ရှီးကျယ်နဲ့လီကျီရွှမ်းတို့လည်း ပျော်နေတာကြောင့် ကျန်းရှန့်နဲ့အတူတူခွက်တိုက်လိုက်ကြကာ ဝေ့ရွှင်းကခွက်မမြှောက်တာကိုမြင်တော့ သူတို့ ဝေ့ရွှင်းဘက်လှည့်ကြည့်လိုက်စဥ် ကာယကံရှင်က ထုံးစံအတိုင်းမျက်နှာသေကြီးဖြင့် မတုန်မလှုပ်ထိုင်နေကာ သူ့ကြည့်ရတာလည်း အသက်ပြည့်သွားတာကို သိပ်ပျော်တဲ့ပုံမပေါက်ပေ။

'' အိုင်း မင်းရုပ်ကလည်း ဘာရုပ်ကြီးလဲကွာ အနည်းဆုံးတော့ ဒီနေ့ကမင်းမွေးနေ့လေ နည်းနည်းပါးပါးတော့ပျော်ပါဦးကွာ '' လင်ရှီးကျယ်က ထိုသို့ထပြောလိုက်သည်။

ဝေ့ရွှင်း သူတို့ဘက်လှည့်ကြည့်လိုက်တော့ လင်ရှီးကျယ်ကအတော်လေးပျော်နေပုံရပြီး ကျန်းရှန့်မျက်နှာပေါ်မှာပါ အပြုံးတွေကဝေဆာနေကာ လီကျီရွှမ်းလည်းသူတို့နဲ့မခြား ပျော်ရွှင်နေပုံပေါက်သည်။ သူတို့ဘာလို့အဲ့လောက်ပျော်နေကြမှန်း ဝေ့ရွှင်းနားမလည်ပါ။ ဒါက ဒီတိုင်း၁၈နှစ်ပြည့်သွားတာပဲမဟုတ်ဘူးလား။ ဘာတွေကထူးခြားနေလို့လဲ။ ၁၈ပြည့်သွားလည်းအရင်လိုပဲ တနေ့၂၄နာရီကို စားလိုက်၊အိပ်လိုက်၊လုပ်စရာရှိတာလုပ်လိုက်နဲ့ဖြတ်သန်းရမှာပဲမဟုတ်ဘူးလား။ ဘာတွေကအဲ့လောက်အထိပျော်စရာကောင်းနေလို့လဲ။

သို့သော်လည်း ဝေ့ရွှင်းတစ်ယောက် အားလုံးနဲ့ခွက်ချင်းလိုက်တိုက်လိုက်ကာ သူ့အရက်ခွက်သူ ဖြည်းဖြည်းချင်း အေးဆေးလေးသောက်နေသည်။ လင်ရှီးကျယ်တို့အဖွဲ့လည်း ဝေ့ရွှင်းရဲ့ဒီပုံစံကိုအသားကျနေပြီဖြစ်တာ​ကြောင့် သူတို့မှာသက်ပြင်းမချပဲမနေနိုင်ခဲ့။

'' မွေးနေ့လေးမှာတောင်မပျော်နိုင်ဘူးလားကွာ မင်းကိုပျော်ခိုင်းဖို့ ဘာလို့အဲ့လောက်အထိတောင်ခက်ခဲနေရတာလဲ ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||Where stories live. Discover now