Unicode
ဝေ့လန်နဲ့ ဝေ့ရွှင်းသူငယ်ချင်းတွေ ပထမဦးဆုံးအကြိမ် တွေ့ဆုံခြင်း
______________________________နောက်နေ့မနက်အစောကြီး လင်ရှီးကျယ်က ဝေ့ရွှင်းတို့အိမ်ရှေ့ကို အပြေးရောက်ချလာကာ ဝေ့ရွှင်းနဲ့ သူ့ရဲ့ဘယ်ကမှန်းမသိတဲ့ညီလေးကို ကြည့်ရဖို့အတွက် လာစောင့်နေလေသည်။ တဖက်မှာတော့ ဝေ့ရွှင်းရဲ့အိပ်ခန်းထဲမှာ ဝေ့လန်က စိတ်ဆိုးနေသည့်ဝေ့ရွှင်းကို အတင်းပြန်ချော့နေရသည်။
'' ကျွန်တော်တမင်လုပ်တာ မဟုတ်ပါဘူး '' ဝေ့လန်က အသံတိုးဖျော့ဖျော့လေးဖြင့် '' ကျွန်တော်ပြောဖူးတယ်မလား ကျွန်တော့်ကို အိပ်ယာထချိန်လာနှိုးရင် အရမ်းစိတ်ဆိုးတတ်ပါတယ်လို့ ''
ဝေ့ရွှင်းက တဖက်လူကိုကြည့်ပြီး ခေါင်းတငြိမ့်ငြိမ့်ဖြင့်
'' ဒါဆိုရင်တော့ မင်းကတကယ် လိမ်ပြောနေတာမဟုတ်ဘူးပဲ ''
ဝေ့လန်လည်း သူ့လုပ်ရပ်အပေါ် တကယ်ကြီးအားနာမိသွားတဲ့အတွက် ဝေ့ရွှင်းလက်ကိုဆွဲခါရင်း အာမခံလာသည်။
'' ကျွန်တော် တကယ်ကိုတမင်လုပ်တာမဟုတ်ပါဘူး ကောကောရယ် နောက်တစ်ခါ ထပ်မလုပ်တော့ဘူးလေ နော် ''
'' မင်းက နောက်တစ်ခေါက် ရှိချင်သေးတာလား ''
'' ဘယ်ကလာ ဘယ်ကလာ တကယ်မရှိတော့ပါဘူး '' ဝေ့လန်ကလည်း အလောတကြီးပြန်ဖြေလာသည်။
ဝေ့ရွှင်းက တဖက်လူပြောသမျှကို တစ်စက်ကလေးတောင်မယုံသည့်မျက်နှာထားဖြင့် ပြန်ကြည့်နေခဲ့သည်။
ဒီမနက် သူတို့တောင်သွားတက်ကြမှာဖြစ်တာကြောင့် ဝေ့လန် မနေ့ညက အိမ်မပြန်တော့ပဲ ဝေ့ရွှင်းအိမ်မှာပဲ တစ်ညအိပ်ခဲ့သည်။ သူအရင်တခေါက်ဖျားတုန်းက ဝေ့ရွှင်းအခန်းထဲမှာအိပ်ခဲ့ခြင်းဖြစ်တာကြောင့် အခုတစ်ခေါက် ညအိပ်ညနေ,နေပြန်တော့လည်း ဝေ့ရွှင်းအိပ်ခန်းထဲကိုပဲ အလိုလိုရောက်သွားခဲ့လေသည်။ ဝေ့ရွှင်းခင်ဗျာမှာတော့ သူအိပ်ယာပေါ် သူမဟုတ်သည့် အခြားလူတစ်ယောက်ရောက်နေတာကြောင့် ထိုအခြေအနေဖြင့် အသားကျစေရန် နာရီအတော်ကြာ မျက်စိဖွင့်လိုက်၊ပိတ်လိုက်လုပ်ခဲ့ရပြီး တော်တော်ကြီးညနက်တော့မှ အိပ်ပျော်သွားခဲ့လေသည်။
YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||
Fanfictionဖန် ထွမ်စလေးရှင်း ဝေ့ဝေ့