Unicode
ဝေ့ရွှင်းအလှည့်
_______________________________ဝေ့လန်က အခုအချိန်ထိ မကျေနပ်သေးတာကြောင့် သူ ဘုတ်ပြားဘက် လှည့်ကြည့်ပြီး တိုးတိမ်သောအသံလေးဖြင့်
'' ဘုတ်ပြားကို တစ်ခေါက်လှည့်ရမယ် Passခွင့်မပြုဘူးနော် ''
ဝေ့လန်က ဘာလို့ရုတ်တရက်ကြီး ဘုတ်ပြားလှည့်ခိုင်းမှန်း သူ နားမလည်သော်ငြား ခေါင်းငုံ့ပြီး ဘုတ်ပြားရှိတဲ့စားပွဲဘက် ပြန်လှည့်ကြည့်လိုက်တော့ ခုနက ဝေ့လန်ပြောလိုက်သည့်စကားများကို နားထဲပြန်ကြားယောင်လာသည်။
{ ကျွန်တော်အစကတွေးထားတာ ကျွန်တော်ခင်ဗျားကို အာဘွားပေးလိုက်မယ် ခင်ဗျားကျွန်တော့်ကိုပြန်မပေးလည်းရတယ် ဒါပေမဲ့ ခင်ဗျားပျော်မှာပဲဆိုတဲ့စိတ်နဲ့ နမ်းလိုက်တာ }
ခေါင်းကြီးငုံ့ပြီး ဘာစကားမှဆက်မပြောလာသည့် ဝေ့လန်ကိုကြည့်ရင်း ထိုအချိန်တဒင်္ဂလေးအတွင်းမှာ ဝေ့ရွှင်းတစ်ယောက် ကလေးဆန်လိုက်မိသည်။ သူ လက်ကိုဆန့်ထုတ်လိုက်ကာ စားပွဲပေါ်က ဘုတ်ပြားကိုကိုင်ပြီး အတွင်းရှိမြှားကို သူလိုချင်သည့် 'နမ်းပါ' ဆိုသည့်အကွက်ရောက်အောင်ရွှေ့လိုက်သည်။ ထို့နောက် ဝေ့လန်ရဲ့ပါးလေးကို ညင်ညင်သာသာလေးငုံ့နမ်းပြီး
'' ရပြီလား ''
ဝေ့လန် ခေါင်းလှည့်ကြည့်လာတော့ ဝေ့ရွှင်းက ထိုကဲ့သို့မေးလေသည်။
ဝေ့လန် တဖက်လူမျက်လုံးထဲက နူးညံ့ညင်သာသည့်အရိပ်အယောင်တွေကို ငေးကြည့်ရင်း စောနကလေးတင် သူကိုယ်တိုင်တောင်နားမလည်ခဲ့သော မကျေနပ်ချက်၊ဝမ်းနည်းသည့်ခံစားချက်များက လေထဲထုတ်ချင်းပေါက်သွားသည့် ဆပ်ပြာပူစီဖောင်းလေးများလိုပဲ ယူပစ်သလိုပျောက်သွားလေသည်။
'' ကျွန်တော့်ကို ငယ်သေးတယ်လို့ပဲ အမြဲတမ်းတွေးမနေနဲ့ '' သူက ရုပ်တည်လေးဖြင့်ဆက်ပြောလာသည်။ '' ကျွန်တော်က အရမ်းဉာဏ်ကောင်းတယ် ကိစ္စတွေတော်တော်များများကိုလည်း နားလည်တယ် အဲ့ဒါကြောင့် ဒီလိုရင်းနှီးကြောင်းပြတဲ့အပြုအမူမျိုးတွေကို လက်လွတ်စပယ်လုပ်မဲ့လူမျိုးမဟုတ်ဘူး ဘာကမှန်တယ် ဘာကမှားတယ်ဆိုတာကို ဝေဖန်ပိုင်းခြားနိုင်တဲ့စွမ်းရည်လည်းရှိတယ် ဘယ်ဂိမ်းကတော့ ဆော့လို့ရတယ် ဘယ်ဂိမ်းကတော့ဆော့လို့မရဘူးဆိုတာကိုလည်းသိတယ် ဘယ်လိုအခြေအနေမျိုးမှာ၊ဘယ်လိုအချိန်အခါမျိုးမှာ ဘယ်လိုလူမျိုးတွေနဲ့ ဘယ်လိုဆော့ရမယ်၊ ဘယ်လိုစကားပြောရမယ်ဆိုတာကိုလည်း သဘောပေါက်တယ် အဲ့ဒါကြောင့် ခင်ဗျား ကျွန်တော့်ကို ယုံကြည်ပေးရမယ် ''
YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||
Fanfictionဖန် ထွမ်စလေးရှင်း ဝေ့ဝေ့