Chapter 54

4.8K 861 35
                                    

Unicode

Blind Date
______________________________

ဝေ့ရွှင်းက ခေါင်းငြိမ့်ပြပြီး '' အင်း '' ဟုပြန်ဖြေလာသည်။

ဝေ့လန်လည်း တဖက်လူက ထိုအတိုင်းပဲပြန်ဖြေလာလိမ့်မည်ဟုခန့်မှန်းမိပါသည်။ အခုအချိန်အထိ တဖက်လူရဲ့ကမ္ဘာထဲမှာ အရေးအကြီးဆုံးလူဖြစ်နေဆဲဖြစ်တာကြောင့် ပျော်မိသဖြင့် ဝေ့လန်ခေါင်းငုံ့ကာ တိုးတိုးလေးခိုးရယ်လိုက်မိသည်။ သို့သော် သူစိတ်မပူပဲမနေနိုင်ခဲ့။

လူဆိုတဲ့သတ္တဝါက တစ်ကိုယ်ကောင်းဆန်တတ်သည့်အမျိုးဖြစ်သည်။ ထိုထဲတွင် ဝေ့လန်လည်းအပါအဝင်ပင်။ သူငယ်ငယ်လေးကတည်းက ဝေ့ရွှင်းရဲ့တန်ဖိုးအထားရဆုံးလူကို သူပဲဖြစ်စေချင်ခဲ့သည်။ အခု အရွယ်ရောက်လာတော့လည်း သူပဲဖြစ်ချင်နေတုန်းပင်။ သို့သော်လည်း သူ့ကိုပဲအာရုံစိုက်ပြီး သူ့ကိုပဲတန်ဖိုးထားနေတဲ့အတွက် ဝေ့ရွှင်းရဲ့အချိန်ကောင်းတွေလွတ်သွားမှာကိုလည်း စိုးထိတ်မိလေသည်။ သူ ဝေ့ရွှင်းပျော်နေတာကိုလိုချင်သည်။ တဖက်လူက သူသဘောကျရတဲ့လူတစ်ယောက်ကိုတွေ့သွားပြီး ထိုလူရဲ့ချစ်ခြင်းမေတ္တာတွေအောက်မှာ ဝေ့ရွှင်းဘဝတစ်သက်တာလုံး ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားတာကိုမြင်ချင်သည်။

ထို့ကြောင့် သူဝေ့ရွှင်းကိုမော့ကြည့်လိုက်ကာ လေးနက်သည့်လေသံဖြင့်

'' ကော အရင်ဆုံးစမ်းကြည့်ကြည့်ပါလား အနီးအနားမှာဘယ်လိုမိန်းကလေးမျိုးတွေရှိလဲလေ့လာကြည့်လေ ပြီးမှကိုယ်သဘောကျတဲ့လူ၊ကိုယ်နဲ့လိုက်ဖက်မယ်ထင်တဲ့လူနဲ့ တွဲကြည့်ပေါ့ ဘာလိုလိုနဲ့၃၀နားကပ်နေပြီနော် ကိုယ့်အတွက်ကိုတွေးရမဲ့အချိန်တန်နေပြီ ''

'' မင်းက ကိုယ့်ကိုအိမ်ထောင်ကျစေချင်နေပြီလား ''

ဝေ့လန် ခေါင်းခါပြလာသည်။

'' ကောကိုအတင်းလက်ထပ်ခိုင်းနေတာမဟုတ်ဘူး ကောသဘောကျမဲ့လူတစ်ယောက်နဲ့တွေ့ဖို့ မျှော်လင့်နေတာ ပြီးရင် နှစ်ယောက်တွဲကြည့်လို့အဆင်ပြေပြီဆို သင့်တော်တဲ့အချိန်မှာ လက်ထပ်ကြလေ ကျန်းမော့ချန်နဲ့ ယန်းချင်းချီတို့လိုပေါ့ အဲ့လိုဆိုမကောင်းဘူးလား ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||Where stories live. Discover now