Chapter 59

4.4K 835 72
                                    

Unicode

ငါ့အစ်ကို ငါ့ကိုကြိုက်တာ ပုံမှန်ပဲမဟုတ်ဘူးလား
_______________________________

ယန်းချင်းချီ တဖက်လူရဲ့မတုံ့နှေးသည့်အဖြေကို နားထောင်ရင်း ထပ်မေးလာပြန်သည်။

'' ဒါဆို တကယ်လို့ ငါမင်းကိုနမ်းရင် မင်း ရွံမှာလား ''

'' မင်းရူးသွားပြီလား! '' ဝေ့လန် အလန့်တကြားထအော်လာသည်။ '' မင်းက အိမ်ထောင်ရှိပြီသားလူနော်! ''

''တကယ်လို့ငါက လူပျိုဆိုရင်ရော? ဒါမှမဟုတ် တခြားလူတစ်ယောက်ဆိုရင်ရော? မင်းဘေးနားကတခြားသူငယ်ချင်းတစ်ယောက်လေ ''

ဝေ့လန်ကတော့ ပြောရခက်နေသည့်မျက်နှာအမူအရာလေးဖြင့်

'' ငါက မင်းတို့ကိုသူငယ်ချင်းလို့ပဲသဘောထားတာလေ ''

ယန်းချင်းချီလည်း ဆွံ့အနေခဲ့ရကာ

'' စိတ်ချပါ ငါတို့လည်းမင်းနဲ့မအိပ်ချင်ပါဘူး ''

'' အဲ့လိုဆိုတော်သေးတာပေါ့ ''

'' အဲ့ဒါကြောင့်မင်းတွေးလို့ထွက်ပြီလား ''

'' ဘာကိုတွေးလို့ထွက်ရမှာလဲ ''

ယန်းချင်းချီကတော့ တဖက်လူက ခံစားချက်ပိုင်းမှာတကယ်ကြီးတုံးအနုံထုံတာပဲဟု တွေးနေရင်း

'' မင်း တခြားလူနဲ့သူ့ကိုဆက်ဆံပုံခြင်းကွာတာ တွေးလို့ထွက်ပြီလားလို့ မင်း တခြားလူဆို ဘယ်လိုခံစားရမလဲ သူ့ကျဘယ်လိုခံစားရသလဲ ယှဥ်ကြည့်ခိုင်းတာ ငါ့အထင် မင်းသူ့ကိုကြိုက်နေတာပဲဖြစ်မယ် ''

ဝေ့လန် ဘာမှမပြောလာတော့ပဲ ခေါင်းလေးငုံ့ကာ ကြက်ဥဌာပနာမုန့်ကိုချေမွနေသည်။

ယန်းချင်းချီလည်းမကြည့်ရက်တော့သဖြင့် သူ့လက်ထဲကမုန့်ကိုဆွဲယူလိုက်ကာ

'' ပြောစရာရှိကောင်းကောင်းပြောပါ အကောင်းကြီးရှိနေတဲ့မုန့်ကိုမဖျက်ဆီးပါနဲ့ ''

သူ ဝေ့လန်ကိုကြည့်ကာ

'' ပြီးတော့ မင်းခုနက ပြောသလိုပဲ သူ့ဘာသာမူးလို့ပဲဖြစ်ဖြစ် မူးချင်ယောင်ဆောင်တာပဲဖြစ်ဖြစ် အဲ့ဒါကပြဿနာမဟုတ်ဘူး အဓိကက သူမင်းနာမည်ကိုတဖွဖွခေါ်ပြီး မင်းကိုနမ်းတယ်ဆိုကတည်းက ဒါကြိုက်နေလို့ မူးပြီးလုပ်မိတာနဲ့ မူးချင်ယောင်ဆောင်ပြီးတမင်လုပ်တာနဲ့ဘာကွာလဲ သိလား မူးနေတာဆို ဒါသူ့ရဲ့ခံစားချက်အစစ်အမှန်တွေပွင့်အံကျလာတာပဲ မူးချင်ယောင်ဆောင်တာဆိုရင်တော့ မင်းကိုမြေစမ်းခရမ်းပျိုးနေတာ တကယ်လို့ သူမူးချင်ယောင်ဆောင်ပြီး မင်းကိုနမ်းလိုက်တယ် ဒါပေမဲ့မနက်ကျ ဘာမှမမှတ်မိတော့ဘူးပြောရင် မင်းဘယ်လိုတုံ့ပြန်လာမလဲသိချင်လို့ သူမင်းကိုစမ်းသပ်နေတာ ဘာလို့လဲဆိုတော့ မင်းသူ့ကို ပြန်ကြိုက်နိုင်၊မကြိုက်နိုင် သူလည်းသေချာသိမနေလို့ မင်းနဲ့သူကြားမှာ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာလုပ်ထားပြီး မင်းဘက်ကokရင် သူလည်းအဆင့်တက်မယ် မင်းဘက်က မokရင် ဘာမှမဖြစ်သလိုမျိုး ဟန်ဆောင်ပြီး သူငယ်ချင်းတွေလိုဆက်နေမယ် တကယ်ကြီးမူးနေတာဆိုရင်တော့ '' ယန်းချင်းချီ သူ့ရှေ့က ဂရုတစိုက်နားထောင်နေသည့်ကောင်လေးကိုကြည့်ကာ '' တစ်ချို့လူတွေက တကယ်ကြီးအမူးလွန်သွားပြီဆို နောက်နေ့ကျဘာမှမမှတ်မိတော့ဘူး အဲ့လိုလူမျိုးတွေလည်းတကယ်ရှိတယ် ဒါကြောင့် သူသာတကယ်ကြီးမူးနေတာဆို ငါတို့ဘာမှလုပ်မရဘူး ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||Where stories live. Discover now