Unicode
ကြက်အစပ်လိုဝေ့ရွှင်း! စိတ်တိုလို့သေမှာပဲ!
______________________________ကလေးတုန်းက နမ်းခဲ့တဲ့အနမ်းတွေနဲ့ကွာခြားစွာပဲ ဒီတစ်ခေါက်ဝေ့ရွှင်းနမ်းလာသည့်နေရာမှာ သူ့နှုတ်ခမ်းတည့်တည့်ကိုဖြစ်သည်။ ဝေ့လန်ကတော့ နေရာမှာတင်ဝိညာဥ်ထွက်သွားပြီဖြစ်ပြီး ဝေ့ရွှင်း နှုတ်ခမ်းအချင်းချင်း ညင်ညင်သာသာလေးပွတ်ကာ '' ရှောင်လန် '' ရှောင်လန် '' ဟုရေရွတ်နေခဲ့သည်။
သူ့ရဲ့အနမ်းတွေက ပိုးပုစဥ်းလေးရေပြင်ပေါ်လျှပ်ပြေးသွားသလိုမျိုး တို့ရုံထိရုံမျှသာဖြစ်ပြီး သူ့နှုတ်ခမ်းတွေက အရမ်းနူးညံ့သည်။ သူဟာ ဝေ့လန်ရဲ့နှုတ်ခမ်းတွေကို ဒီတိုင်းထိရုံသာထိထားခဲ့ပြီး တခြားလွန်ကျူးတဲ့အပြုအမူတွေ ဘာမှမလုပ်လာပါ။ သူနမ်းလို့ဝသည်နှင့် ဝေ့လန်ရဲ့ပုခုံးပေါ်ခေါင်းလေးတင်ထားပြီး ငြိမ်သက်နေလိုက်တာ ဘာအသံမှမထွက်လာတော့။
ဝေ့လန်ကတော့ နေရာမှာတင်တောင့်ခဲနေလေသည်။
သူ့နှလုံးတွေအခုန်မြန်နေလိုက်တာမှ နည်းနည်းလေးလှုပ်လိုက်ရုံနဲ့ အထဲက နှလုံးကြီး အပြင်ဘက်ကိုခုန်ပေါက်ထွက်ပြေးတော့မည်ဟု ခံစားနေရတာကြောင့် သူလှုပ်တောင်မလှုပ်ရဲခဲ့။ ထိုပုံစံအတိုင်းအချိန်အကြာကြီးတောင့်ခဲနေပြီးကာမှ တဖြည်းဖြည်းချင်းအသိပြန်ဝင်လာခဲ့သည်။
ထိုအခါမှ ဝေ့လန်လည်း သူ့ပုခုံးကိုမှီအိပ်နေပုံရသည့် ဝေ့ရွှင်းဘက်ခေါင်းငဲ့ကြည့်လိုက်ပြီး တဖက်လူရဲ့မျက်နှာကိုမြင်လိုက်ရသည်နှင့် သူ့နှလုံးကြီးကဆုန်ပေါက်နေလိုက်တာ စည်းချက်မဲ့နေသည့်သံစဥ်တွေလိုပင်။ ဝေ့လန်ထိုနေရာကနေထပြီး ဝေ့ရွှင်းကိုအိပ်ယာပေါ်ချပေးကာ သူကတော့သူ့အိပ်ခန်းသူပြန်သင့်ပြီဟု ဦးနှောက်ကနေ သံစုံတီးဝိုင်းတွေနဲ့ အခါခါသတိပေးနေသော်ငြား ပြဿနာက သူ တစ်စက်ကလေးတောင်မလှုပ်နိုင်ခဲ့။ နေရာမှာပဲ မလှုပ်မရပ်ထိုင်နေမိကာ ဝေ့ရွှင်းရဲ့မျက်နှာပေါ်ကနေအကြည့်မလွှဲနိုင်ခဲ့ပေ။
သူ ဝေ့ရွှင်းကိုကြည့်ပြီး စောနကဝေ့ရွှင်းပြုလုပ်ခဲ့သည့် အပြုအမူဆီ အတွေးရောက်သွားတိုင်း သူ သူ့နှုတ်ခမ်းသူမသိမသာကိုက်မိသွားသည်။ ဝေ့ရွှင်းသူ့ကိုနမ်းတယ်! ဝေ့ရွှင်းတကယ်ကြီး သူ့ကိုနမ်းတယ်! အရွယ်ရောက်လာကတည်းက ဒီလိုအရမ်းရင်းနှီးတဲ့အပြုအမူမျိုးတွေ ဝေ့ရွှင်းနဲ့မလုပ်ဖြစ်တော့တာ ဘယ်လောက်ကြာနေပြီလဲ! ပြီးတော့ ငယ်ငယ်တုန်းကတောင် အလွန်ဆုံးနမ်းမှ ပါးကိုလေ! နှုတ်ခမ်းလိုနေရာမျိုးကို တစ်ခါမှမနမ်းခဲ့ဖူးဘူးလို့ !!!!
YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||
Fanfictionဖန် ထွမ်စလေးရှင်း ဝေ့ဝေ့