Chapter 62

5K 914 34
                                    

Unicode

သူ ရည်းစားထားချင်တယ်
______________________________

ဝေ့လန် Planချပြီးတာနဲ့ ထမင်းစားခန်းကနေ ပျော်ပျော်ကြီးလှည့်ထွက်သွားခဲ့ပြီး ဝေ့ရွှင်းကို သူဖော်ထားတဲ့ဆေးသူ့ပြန်တိုက်ဖို့အတွက် အခွင့်အရေးရှာတော့သည်။

နောက်တစ်နေ့ ယန်းချင်းချီတစ်ယောက် သူ့အိမ်ရှေ့ရောက်လာပြန်သည့်ဝေ့လန်ကို ကြည့်ပြီး သူ့ခင်ဗျားအံ့အားသင့်နေရသည်။

'' မင်း ဘယ်လိုလုပ်ထပ်ရောက်လာပြန်တာလဲ ''

သို့သော် ဝေ့လန်သူ့ကိုပြန်ဖြေလာသည်မှာ

'' မင်းတို့ဒီညနေဘာလုပ်စားကြမှာလဲ ''

ယန်းချင်းချီကတော့ နေရာမှာတင် မရယ်ပဲမနေနိုင်တော့

'' ဘာလဲ ဟင်းချက်သင်ရတာကိုစွဲသွားပြီလား ''

'' ငါမင်းကိုမျက်နှာသာပေးတဲ့အနေနဲ့ ငါ့ကိုဟင်းချက်သင်ပေးဖို့အခွင့်အရေးပေးနေတာလေ ငါ့ကိုသင်ပေးချင်တဲ့လူတွေ ဘယ်လောက်များလိုက်သလဲ မင်းမသိလို့နော် ဟမ့် ငါကအဖက်မလုပ်ခဲ့လို့သာ အခု မင်းကို ခွင့်ပြုပေးလိုက်ပြီ မင်းဂုဏ်ယူသင့်တယ် ''

'' မင်းမေကြီး ဘာလဲ ငါကမင်းကို ကျေးဇူးတင်ပါတယ်ပါပြောရဦးမှာလား '' ယန်းချင်းချီကတော့ တဖက်လူက အရမ်းကိုယ်ရည်သွေးလွန်းတာပဲဟု တွေးလိုက်မိသည်။

သို့သော် ဝေ့လန်မှာ ခေါင်းလေးမော့ ရင်လေးကော့ရင်း

'' ကျေးဇူးတင်စရာမလိုပါဘူးကွာ အချင်းချင်းပဲ ''

ယန်းချင်းချီ : ''.........''

အံမယ် သူကတပြန်ကြီး။

ယန်းချင်းချီ ဒီညနေကို ဟော့ပေါ့စားဖို့စိတ်ကူးထားတာကြောင့် ဝေ့လန်ရောက်လာတာနဲ့အတော်ပဲဖြစ်သွားသဖြင့် နှစ်ယောက်သားလိုအပ်သည်များကို စျေးဝယ်ထွက်လိုက်ကြသည်။ သူတို့ Supermarket ဆီထပ်ရောက်လာကြပြီး ယန်းချင်းချီ လိုအပ်တာတွေကိုရွေးနေရင်း သိချင်စိတ်ဖြင့်မေးလိုက်သည်။

'' မင်းအစ်ကိုနဲ့မင်းအခြေအနေဘယ်လိုရှိလဲ ''

'' သူအခုထိ ဘာမှမဖြစ်သလိုဟန်ဆောင်နေတုန်း ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||Where stories live. Discover now