Unicode
ခင်ဗျားဆီ ဘယ်တော့မှမလာတော့ဘူး
___________________________ဝေ့လန် ဝေ့ရွှင်းအိမ်ကို ပြန်ရောက်တော့ ၈နာရီခွဲလုနီးနီးဖြစ်နေပြီဖြစ်သည်။ သူ တံခါးဘဲလ်တီးလိုက်တာနဲ့ အန်တီဝမ်က သူ့အတွက်တံခါးလာဖွင့်ပေးကာ သူ့ကိုမြင်သည်နှင့် အပြုံးလေးဖြင့်
'' ဒီနေ့ အိမ်*အရင်ပြန်သွားတာလား ဘာလို့ ဒီလောက်နောက်ကျမှရောက်လာတာလဲ ''
(T/N: ဝေ့လန် သူ့အိမ်သူအရင်ပြန်တာလားလို့မေးတာပါ)
'' မဟုတ်ဘူး သူငယ်ချင်းတွေနဲ့ မုန့်စားနေတာ အဲ့ဒါကြောင့်အခုမှရောက်လာတာ ''
အန်တီဝမ်က ခေါင်းငြိမ့်ပြပြီး သူမနဲ့ ဝေ့လန် စကားတပြောပြောဖြင့် အိမ်ထဲဝင်လာလိုက်ကြတာ ဧည့်ခန်းမရောက်ခင်အထိပင်။ အန်တီဝမ်က ခုနကတံခါးသံကြားလို့ ပစ်ချလိုက်သည့် အဝတ်ကိုကောက်ပြီး ကော်ဖီစားပွဲကိုပြန်သုတ်နေကာ '' သခင်လေးက အပေါ်ထပ်မှာ '' ဟု ဝေ့လန်ကိုပြောပြလာသည်။
ဝေ့လန်လည်း အဲ့လိုဖြစ်လောက်မယ်ဟု အစောကြီးကတည်းက ခန့်မှန်းထားပြီးသားဖြစ်သည်။ ဝေ့ရွှင်းအိမ်ပြန်ရောက်တိုင်း သူပူဆာလို့ ဧည့်ခန်းမှာ သူနဲ့အတူတူကာတွန်းကားကြည့်ပေးသည်ကလွဲ ကျန်တဲ့အချိန်တွေက စာကြည့်ခန်းထဲမှာပဲ အချိန်ကုန်ဆုံးနေတတ်သည်။ သူ့ကောကောက သူနဲ့မတူမှန်း သူတစ်ချိန်လုံး နားလည်ထားပြီးသားဖြစ်သည်။ သူက အပြင်ထွက်၊လျှောက်လည်၊ လျှောက်ကစား ပျော်ပါးနေတဲ့အချိန်မှာ ဝေ့ရွှင်းကတော့ အိမ်မှာပဲနေပြီး သူ့ကိုယ်သူ အစစအရာရာစည်းကမ်းတင်းကြပ်ထားလေသည်။
'' ဒါဆို ကျွန်တော် အပေါ်တက်သွားလိုက်ဦးမယ် ''
သူ ထိုသို့ပြောပြီးတာနဲ့ ဒုတိယထပ်ကိုတက်သွားလိုက်သည်။
အန်တီဝမ်ကတော့ အိမ်သန့်ရှင်းရေးလုပ်ပြီးတာနဲ့ သူမအိတ်လေးသူကောက်လွယ်ပြီး အိမ်ပြန်ဖို့ပြင်တော့သည်။ သူမ သိပ်မကြာခင်ကပြန်ဖို့ သွားပြောပြီးသွားပြီဖြစ်တာကြောင့် ဒုတိယတခေါက်အသိပေးစရာမလိုတော့ပေ။
ဝေ့လန် စာကြည့်ခန်းတံခါးကိုတွန်းဖွင့်ပြီး အထဲဝင်သွားလိုက်တာနဲ့ အထဲမှာ ဝေ့ရွှင်းက စာလိပ်ပေါ် လက်ရေးလှကျင့်နေတာကိုမြင်လိုက်ရသည်။ သူလည်း ဝယ်လာသည့်ကိတ်မုန့်လေးကို စားပွဲပေါ်ချပြီး
YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||
Fanfictionဖန် ထွမ်စလေးရှင်း ဝေ့ဝေ့