Chapter 55

3.6K 707 40
                                    

Unicode

ဒါပေမဲ့ ငါ့အစ်ကိုဂရုအစိုက်ဆုံးလူက တစ်ချိန်လုံးငါပဲ ဖြစ်နေခဲ့တာလေ
________________________________

ဝေ့ရွှင်းအိမ်ထောင်ဖက်သွားတွေ့မည့် စားသောက်ဆိုင်ကိုသိနေတာ​ကြောင့် ဝေ့လန် ဝေ့ရွှင်းနောက်ကို ထပ်ချပ်မကွာလိုက်မသွားပါ။ သူတဖက်လူနောက် မသိမသာလိုက်ရင်း တဖက်လူသိသွားမည့်အကျိုးဆက်ကိုမခံစားနိုင်ပေ။ ထို့ကြောင့် ဝေ့ရွှင်းတို့အိမ်ထောင်ဖက်တွေ့တာမပြီးသေးခင်လေး အမြန်သွားပြီး ဝေ့ရွှင်းနဲ့သူရဲ့အနာဂတ်မရီးကဘယ်လိုဘယ်အနေအထားရှိမယ်ဆိုတာကို တိတ်တိတ်ကလေးလိုက်စပ်စုဖို့အတွက် ပြင်ဆင်နေခဲ့သည်။

ဝေ့လန် စိတ်လှုပ်ရှားနေခဲ့သလို တစ်ချိန်ထဲမှာပဲ စိတ်ပူပန်နေခဲ့သည်။

ဝေ့လန်တွေးထားသည်မှာ ဝေ့ရွှင်းကအိမ်ထောင်ဖက်တွေ့စဥ် TVမှာပြနေကျ Dramaတွေလိုပဲ Viewကောင်းကောင်းမြင်ရသည့်ပြင်သစ်မှန်ပြတင်းပေါက်ကြီးနားထိုင်ပြီး တဖက်မိန်းကလေးကိုညစာဖိတ်ကျွေးမည်ဟုပင်။

သို့သော် အမှန်တရားကနည်းနည်းတော့ခါးသည်။ ဝေ့ရွှင်းက တဖက်မိန်းကလေးနဲ့တွေ့ဖို့ သီးသန့်ခန်းယူထားတယ်တဲ့!

ထို့ကြောင့် ဝေ့လန်ခင်ဗျာ စားသောက်ဆိုင်ရဲ့ထောင့်ကျတဲ့နေရာလေးမှာထိုင်ရင်း ဝေ့ရွှင်းနဲ့တဖက်မိန်းကလေးတို့ စားသောက်ပြောဆိုပြီး ထွက်လာမှာကို ကူကယ်ရာမဲ့စွာဖြင့် ထိုင်စောင့်နေခဲ့သည်။ ထိုအချိန်ကျမှပဲ နှစ်ယောက်စလုံးရဲ့ပြောဆိုဆက်ဆံပုံ အမူအရာနဲ့ အကြည့်တွေကိုအကဲခတ်ရင်း သူတို့ဘယ်လောက်အထိတိုးတက်လာပြီလဲ၊ အနာဂတ်မရီးကရောဘယ်လိုပုံစံမျိုးလဲစပ်စုရမှာဖြစ်သည်။

ဝေ့လန်တစ်ယောက် စားစရာတွေအများကြီးမှာချလာပြီး စားလိုက်၊ စောင့်လိုက်၊ အချိန်ကြည့်လိုက်ဖြင့်အလုပ်ရှုပ်နေခဲ့သည်။ တဖြည်းဖြည်းနဲ့ တစ်နာရီလောက်ရှိနေပြီဆိုတာကိုမြင်တော့ သူတို့စားသောက်ပြောဆိုနေကြတာ ကြာလှချည်လားဟုတွေးမိသည်အထိ။ မဟုတ်မှလွဲရော ဝေ့ရွှင်းက တဖက်လူကိုအရမ်းစိတ်ကျေနပ်လွန်းလို့ ပျော်ပျော်ရွှင်ရွှင်စကားဆက်ပြောနေကြတာလား။ အဲ့လိုလည်းမဖြစ်နိုင်ပါ။ ဝေ့လန်တွေးလိုက်သည်။ သူကအမြဲတမ်း မသိတဲ့သူစိမ်းတွေဆို လေလိုပဲဆက်ဆံနေကျမဟုတ်ဘူးလား။ စီးပွားရေးအကြောင်းမဟုတ်လျှင် ဘာအကြောင်းကိုမှ ဒီလောက်အကြာကြီးအထိ ပြောစရာမရှိပါ။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||Where stories live. Discover now