Unicode
ငါဖြင့် သူ့ကို စကားကြမ်းကြမ်းပြောပြီးတောင် မဆူရက်တာ မင်းက သူ့ကိုကိုယ်ထိလက်ရောက်ရိုက်ရဲတယ်ပေါ့
_____________________________ထိုလူတွေကလည်း ဝေ့ရွှင်းနည်းတူ စီးကျီးအလယ်တန်းကျောင်းကနေ စီးကျီးအထက်တန်းကျောင်းကို ပြောင်းတက်ခဲ့ကြသည့် အတန်းတူကျောင်းသားတွေဖြစ်တာကြောင့် ဝေ့ရွှင်းအကြောင်း အနည်းနဲ့အများတော့ ကြားဖူးထားကြသည်။ ထို့ကြောင့် ဝေ့ရွှင်းက ဝေ့လန်အတွက် ရှေ့ထွက်လာတာကိုမြင်တာနဲ့ အားလုံးက နောင်တကိုယ်စီရနေကြလေသည်။ ဝေ့လန်ရဲ့တိုင်တန်းစကားတွေကြောင့် ဝေ့ရွှင်းသူတို့ကိုဒေါသပုန်ထမထခင် သူတို့ကပဲ လက်ဦးမှုယူကာတောင်းပန်လာခဲ့သည်။
'' ငါတို့ကမဟုတ်တာပါ ရှောင်တိတိ မင်းကိုတောင်းပန်ပါတယ် ဟုတ်ပြီလား ''
တခြားလူတွေကလည်း ကပျာကယာဖြင့်
'' တောင်းပန်ပါတယ် ဒီကိစ္စမှာငါတို့ဘက်ကရိုင်းပျသွားပါတယ် ဒါပေမဲ့ ငါတို့လည်း မင်းကဝေ့ရွှင်းညီမှန်းမသိခဲ့လို့ပါ ''
ကောင်းရှန်းလည်း သူ့သူငယ်ချင်းတွေက ရုတ်တရက်ကြီး အခုလိုသတ္တိနည်းသွားလိမ့်မည်ဟု မမျှော်လင့်ထားတာကြောင့် သူ့အရှက်ကွဲသွားသလို့ခံစားရလေသည်။
ဝေ့လန်ကတော့ သူတို့ရဲ့အကြောင်းပြချက်တွေက ရယ်ချင်စရာကောင်းသည်ဟု တွေးမိတာကြောင့်
'' အဲ့ဒီ့တော့ ငါကငါ့ကောကောကိုသာမသိခဲ့ရင် မင်းတို့ငါ့ကိုကြိုက်သလိုအနိုင်ကျင့်လို့ရတယ်ဆိုတဲ့ သဘောလား ''
ထိုသို့ပြန်အမေးခံလိုက်ရသည့် ကျောင်းသားလည်း သူပြောတာမှားသွားပြီမှန်းသိတာကြောင့် ပါးစပ်သာပိတ်နေလိုက်သည်။
ဝေ့လန်က သရော်ပြုံးပြုံးရင်း ထိုလူတွေကို ထေ့ထေ့ငေါ့ငေါ့ပြောလာခဲ့သည်။
'' အမှိုက်တွေ ''
ဝေ့လန်ထိုသို့လှောင်နေစဥ် ထိုးရာများကြောင့် သိသိသာသာညိုမဲနီရဲနေသည့် မျက်နှာပြင်တစ်လျှောက်ကို ဝေ့ရွှင်းက သူ့လက်နှစ်ဖက်ဖြင့်ပွတ်သပ်နေခဲ့သည်။ ထိုအခါမှ ဝေ့လန်လည်း ဝေ့ရွှင်းရဲ့အမေးစကားကို ပြန်မဖြေရသေးမှန်း အမှတ်ရသွားတာကြောင့် ဝေ့ရွှင်းဘက်ခေါင်းပြန်လှည့်ပြီး အသံမှာနူးနူးညံ့ညံ့
YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||
Hayran Kurguဖန် ထွမ်စလေးရှင်း ဝေ့ဝေ့